ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန၌ လူသစ်တန်းစစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ညောင်ဦး  မေ  ၁၇

ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ညောင်ဦးမြို့နယ် စစ်တုရင်ဆပ်ကော်မတီတို့ပူးပေါင်း၍  နွေရာသီစစ်တုရင်သင်တန်းဆင်းပွဲအထိမ်းအမှတ်၊ လူသစ်တန်းစစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ညောင်ဦးခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ညောင်ဦးမြို့နယ် စစ်တုရင်ဆပ်ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်လင်းမှ အဖွင့်အမှာစကားပြောကြားပြီး၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က နွေရာသီလူသစ်တန်း စစ်တုရင်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အားပြောကြားကာ ညောင်ဦးမြို့နယ် စစ်တုရင်ဆပ်ကော်မတီအတွင်းရေးမှူး ဦးမင်းခိုင်ဦးက ပြိုင်ပွဲကျင်းပပုံ၊စည်းကမ်းချက်နှင့် စနစ်အားရှင်းလင်းပြောကြားသည်။ ဆက်လက်၍ နွေရာသီလူသစ်တန်း စစ်တုရင်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများပေးအပ် ချီးမြှင့်ပေးကြပြီး၊ နွေရာသီ လူသစ်တန်းစစ်တုရင် ပြိုင်ပွဲပြုလုပ်နိုင်ရန် သင်ကြားပြသပေးသော စစ်တုရင်ဆပ်ကော်မတီအတွင်းရေးမှူး ဦးမင်းခိုင်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ကြောင်း သိရသည်။

လူသစ်တန်းစစ်တုရင်ပြိုင်ပွဲတွင် အသက်(၁၀)နှစ်အောက်နှင့် အသက်(၁၀)နှစ်အထက် ပြိုင်ပွဲအမျိုးအစားနှစ်မျိုးခွဲခြားထားပြီး မေလ (၁၆) ရက်နေ့မှ (၁၈)ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ လူသစ်တန်းစစ်တုရင်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်လူငယ်(၁၆) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ ကြောင်းသိရသည်။

ဒီပါလင်း