မိုင်းကိုင် မေ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ဆိုရှယ်မီဒီယာပေါ် သတိပြုစရာသတင်းတု၊ သတင်းမှားများအကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့် နယ်လှည့် ဟောပြောခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်းက ဆိုရှယ်မီဒီယာပေါ်က သတိပြုစရာသတင်းတု၊ သတင်းမှားများ အကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက လူငယ်နှင့်ဆိုရှယ်မီဒီယာအကြောင်းကိုလည်းကောင်း ဟောပြောခဲ့ကြပြီး တက်ရောက်လာကြသော လူငယ်လူရွယ်များက မိမိတို့သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ နယ်လှည့်ဟောပြောပွဲကို မြို့နယ်အဆင့် သတင်းတု၊ သတင်းမှားတားမြစ်ရေးနှင့် အသိပညာပေးရေးအဖွဲ့က ပူးပေါင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြပြီး နွေရာသီကာလဖွင့်လှစ်နေသော ကင်းထောက်လူငယ်သင်တန်း၌ အသိပညာပေးသွားရောက် ဟောပြောခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်