နတ်မောက်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်

နတ်မောက် မေ ၁၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌက ကျောင်းသား/သူ လူငယ်လေးများကို လူတော်လူကောင်းများဖြစ်စေရန်၊ ရတနာသုံးပါးကို ရိုသေကိုင်ရှိုင်းတတ်ရန်၊ အနန္တောအနန္တငါးပါး၏ ဂုဏ်ကျေးဇူးကို သိတတ်စေရန်၊ မိဘ၊ ဆရာသမားများအပေါ် ကျေးဇူးသိတတ်စေရန်၊ ပေါင်းသင်းဆက်ဆံတတ်စေရန်၊ သန့်ရှင်းသပ်ရပ်ပြီး ယဉ်ကျေးသိမ်မွေ့စွာ ဝတ်စားဆင်ယဉ်နေထိုင်တတ်စေရန် အလေးထား ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းသို့ တက်ရောက်ကြသည့် ကလေးငယ်များအား ဗလာစာအုပ်၊ ဘော့ပင်၊ အချိုရည်နှင့် မုန့်များ ပေးအပ်ခဲ့သည်။

ထို့နောက် ယဉ်ကျေးလိမ္မာသင်တန်းတွင် နည်းပြဆရာမ ဒေါ်ချိုချိုသင်းက သင်တန်းကာလတွင် ရှင်းပါးသီလခံယူခြင်း၊ တရားတော်များနာယူခြင်း၊ ဘုရားရှိခိုးခြင်း စသည့်အကြောင်းအရာများကို သင်ကြားပို့ချပေးလျက်ရှိရာ သင်တန်းသို့ ကျောင်းသား/သူ လူငယ် (၃၇)ဦး တက်ရောက်ခဲ့ကြသည်။

လှဝင်း