စဉ့်ကိုင် မေ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများပူပေါင်း၍ ကျောင်းသား/သူလူငယ်များ ကျောင်းစာအပြင် ပြင်ပအသိပညာ ဗဟုသုတများတိုးပွားလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် မြန်မာ့သိုင်းပညာသင်တန်းကို မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင်မေလ ၁၃ရက်မှ စတင်ဖွင့်လှစ်ပေးခဲ့ရာ ယနေ့နံနက် ၁၀ နာရီအချိန်က မြန်မာ့သိုင်းပညာသင်တန်း သင်တန်းဆင်းပွဲ အခမ်း အနားကို ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ရဲနိုင်က သင်တန်းသား/သူများအား သင်တန်းတွင် ပို့ချသင်ကြားခဲ့သည့် သင်ခန်းစာများကို အစဉ်အမြဲလေ့ကျင့်ကြရန်၊ သိုင်းပညာရပ်သင်ကြားခြင်းဖြင့် မိမိကိုယ်ကိုယ် ခုခံကာကွယ်နိုင်မည် ဖြစ်သော ကြောင့် နောင်တွင်ယခုလို မြန်မာ့သိုင်းပညာသင်တန်းများဖွင့်လှစ်ပါက တက်ရောက်ကြရန်လိုကြောင်း စသည့်အကြောင်းအရာများကို ပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းနည်းပြဆရာအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက အမှတ်တရလက်ဆောင်များပေးအပ်ချီးမြှင့်ပြီး သင်တန်းတစ်လျှောက်လုံးတွင် ထူးချွန်ဆုရရှိခဲ့သော ကျောင်းသား/သူလေးများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ခံရေးဦးစီးဌာမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများကနှင့် ဆုများအသီးသီ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)(၃၉၉)