Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 15,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်း ကို ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စျေးတာဝန်ခံနှင့် စျေးကိုယ်စားလှယ်များ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ်အတွင်းရှိ စျေးများတွင် စျေးဝယ်လာကြသူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ နှာခေါင်းစည်း(Mask) တပ်ဆင်စေခြင်း၊ လက်သန့်ဆေးရည် (သို့) ဆပ်ပြာနှင့်လက်ကို စနစ် တကျ ဆေးကြောစေခြင်းများ ဆောင်ရွက်ပြီးမှသာ စျေးများအတွင်းသို့ ဝင်ရောက်စေခြင်း၊ စျေးရောင်းချသူ များကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ စျေးရောင်းချစေခြင်း စသည်ဖြင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချ
Sep 15,2020
လပွတ္တာခရိုင် လပွတ္တာမြို့နယ်အတွင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ရောဂါကူးစက်ပျံ့နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရေးအနေဖြင့် လပွတ္တာမြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာခွဲများ တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ အဖျော်ယမကာဆိုင်များ၊ လမ်းဘေးဆိုင်များအားလုံး ဆိုင်ထိုင်ဖွင့်လှစ်ရောင်းချခြင်းမပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(၄)ကျောင်းသို့ အားကစားပစ္စည်းများလှူဒါန်း
Sep 15,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ အခြေခံ ပညာကျောင်းများသို့ အားကစားပစ္စည်း များ လှူဒါန်းခြင်းကို ယမန်နေ့က မြို့နယ်ပညာရေးမှူးရုံးတွင် ပေးအပ်လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား သက်တမ်းတိုးစိစစ်ရောင်းချ
Sep 15,2020
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ အရပ်ရပ်အခွင့်အရေးလိုင်စင် များအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် သက်တမ်းတိုး စီစစ်ရောင်းချခြင်းကို ယမန်နေ့ နံနက် (၉:၀၀) နာရီအချိန် က နောင်ချိုမြို့နယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း(Mask)များ ပေးအပ်လှူဒါန်း
Sep 15,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်က သန်လျင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ နှာခေါင်းစည်း Mask များ ပေးအပ် လှူဒါန်းပွဲ ကျင်းပခဲ့သည်၊၊
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်-သန်လျင်တံတားပေါ်မှ ခုန်ချသွားသူ၏ ရုပ်အလောင်းအား ဆယ်ယူရရှိ
Sep 15,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ရန်ကုန်-သန်လျင်အမှတ်(၁)တံတားတိုင်အမှတ် ၄ နှင့် ၅ ကြားတွင် စက်တင်ဘာ ၁၃ ရက်နံနက် ၈ နာရီခွဲအချိန်ခန့်တွင် လူတစ်ဦး ပဲခူးမြစ်အတွင်း ခုန်ချမှုဖြစ်ပွားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေး အထူးရဲ (၃၁၀)ဦး ခန့်အပ်သွားမည်
Sep 15,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲ (၃၁၀)ဦး ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဥတ္တရသီရိမြို့နယ်တွင် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ
Sep 15,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကာလတွင် ပြည်သူများ ရောဂါပြန့်ပွားမှုမ ရှိစေရေး အတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေသဇင်စျေးတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25445
Page
25446
Page
25447
Page
25448
Current page
25449
Page
25450
Page
25451
Page
25452
Page
25453
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department