အမြို့မြို့အနယ်နယ်သတင်းများ

Sep 21,2021
စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်လုပ် သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဒုတိယအကြိမ်အဖြစ် လူဦးရေ ၆၀၀၀ ဦးကို ထိုးနှံပေးပြီး ဖြစ်ကြောင်း သိရသည်။
Sep 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၁) ဦးအား ယနေ့တွင် ထပ်မံစစ်ဆေးတွေ့ရှိပြီး ဆေးကုသမှုခံယူနေသူ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၆၆) ဦးအနက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ(၈)ဦးအား ယနေ့တွင် နေရပ်သို့ပြန်လည်စေလွှတ်ခဲ့ သဖြင့် ယနေ့အထိ ကျန်းမာရေးပြန်လည်ကောင်းမွန်သဖြင့် နေရပ်သို့ ပြန်ခွင့်ရသူ (၃၃၇)ဦးအထိရှိလာပြီ ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဉီးစီးဌာနမှ သိရသည်။
Sep 21,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ဆင်ထိုးကြီး ကျေးရွာအုပ်စုတွင် အသက် ၅၅ နှစ်မှ ၆၅ နှစ်အတွင်းရှိ ပြည်သူ များ၊ မသန်စွမ်းသူများ၊ ရောဂါအခံရှိပြီး ကိုဗစ် ရောဂါ ကာကွယ် ဆေးထိုးနှံသင့်သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို ယနေ့ နံနက်(၉)နာရီ အချိန်က ကျေးလက် ကျန်းမာရေး ဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က ပလောက်မြို့၊ ဆင်ထိုးကြီး ကျေးရွာ၊ခရအရှေ့ကမ်းဘုန်းကြီး ကျောင်း၊ဓမ္မာရုံတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးကို ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Sep 21,2021
တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက် ပေးခြင်းကို ယမန်နေ့က နတ်​ရေတွင်း​ဘုန်​တော်ကြီး​ကျောင်း ဓမ္မာရုံ၌ ပြုလုပ်ပေးခဲ့သည်။
Sep 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက် ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် စက်မှုဇုံပြင်ပအလုပ်သမားများအား ပထမအကြိမ် (ခြောက်ရက်မြောက်နေ့)အဖြစ် ယနေ့ နံနက် ၉ နာရီမှ စ၍ ဆမားဒူးဝါးရပ်ကွက်ရှိ ငြိမ်းချမ်းရေးဓမ္မာရုံ နှင့် အ-မ-က(၇) မူလတန်းလွန်ကျောင်းတို့တွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ဆက်လက်ထိုးနှံပေးလျက် ရှိသည်။
Sep 21,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ကိုဗစ်၁၉-ရောဂါဆိုးကြီးသည်လျှင်မြန်စွာ ကူးစက်ပျံ့ပွားလျက်ရှိပြီး နေ့စဉ်ရောဂါ ကူးစက်မှုများဖြစ်ပေါ်လျက်ရှိသောကြောင့် ရောဂါကူးစက်ပျံ့ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်ပြည်သူ့သို့ အသိပေးပန်ကြား ချက်များ အား ယမန်နေ့ ညနေ(၅)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
Sep 21,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ကိုဗစ်-၁၉ကူးစက်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ရောဂါ ကာကွယ်ထိန်းချုပ်နိုင် ရေးအတွက် ရှမ်းဘာသာစကားဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား မြို့နယ်အတွင်း၌ အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးနှိုးဆော် လျက်ရှိသည်။
Sep 21,2021
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် အသက်( ၅၅ )နှစ်အထက် ရှိသူများနှင့် ဦးစားပေးအုပ်စုတွင် ပါ ဝင်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကိုကျေးလက်ကျန်းမာရေးဌာန(၂)ခု ဖြစ်သောရဲကျွန်း၊တောထူ ကျေးလက်ကျန်းမာရေးဌာနတို့၌ ယနေ့နံနက်၁၀နာရီမှ ညနေ၃နာရီထိဆက်လက် ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။