မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁)ဉီးထပ်မံစစ်ဆေးတွေ့ရှိ၊ ကျန်းမာရေး ပြန်လည်ကောင်းမွန်သဖြင့် နေရပ်သို့ ပြန်ခွင့်ရသူ(၃၃၇)ဉီးထိရှိလာ

မိုင်းပျဉ်း စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၁)ဦးအား ယနေ့တွင် ထပ်မံစစ်ဆေးတွေ့ရှိပြီး ဆေးကုသမှုခံယူနေသူ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၆၆)ဦးအနက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ(၈)ဦးအား ယနေ့တွင် နေရပ်သို့ ပြန်လည်စေလွှတ်ခဲ့သဖြင့် ယနေ့အထိ ကျန်းမာရေးပြန်လည်ကောင်းမွန်သဖြင့် နေရပ်သို့ ပြန်ခွင့်ရသူ (၃၃၇)ဦးအထိ ရှိလာပြီဖြစ်ကြောင်း  မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိသူသည် အသက်(၇)နှစ်ရှိ ကလေးငယ်(ကျား)ဖြစ်ပြီး စက်တင်ဘာ ၁၇ ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့သော  ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ အသက်(၃၆)နှစ်ရှိ အမျိုးသား၊ နဝဒေးလမ်း၊ အလယ်ပိုင်းရပ်ကွက်၊ မိုင်းပျဉ်းမြို့နေသူနှင့် ထိတွေ့မိသဖြင့် ယနေ့နံနက် ၉ နာရီက မြို့အဝင်ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်၌ RTD Test Kit ဖြင့် ဒုတိယအကြိမ်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွ့ခဲ့ခြင်းဖြစ်ပြီး ၎င်းအား မြို့နယ်ပြည်သူ့ဆေးရုံ၌ထားရှိ၍ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇွန်(၃၀)ရက်မှ ယနေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၃၉၅)ဦးအထိ စစ်ဆေးတွေ့ရှိပြီး ကျန်းမာရေးကောင်းမွန်၍ နေရပ်ပြန်ခွင့်ရသူ(၃၃၇)ဦး၊ ဆေးကုသမှုခံယူ နေသူ(၅၈)ဦးနှင့် သေဆုံးလူနာမရှိကြောင်းသိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)