မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား ရှမ်းဘာသာ စကားဖြင့် နှိုးဆော်ဆောင် ရွက်လျက်ရှိ

မြင်းခြံ စက်တင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ကိုဗစ်-၁၉ကူးစက်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ရောဂါ ကာကွယ်ထိန်းချုပ်နိုင် ရေးအတွက် ရှမ်းဘာသာစကားဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား မြို့နယ်အတွင်း၌ အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးနှိုးဆော် လျက်ရှိသည်။

အသိပေးနှိုးဆော်ရာတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အများပြည်သူများ အနေဖြင့် အတတ်နိုင်ဆုံး မိမိတို့နေအိမ်များ၌သာ နေထိုင်ကြရန်၊ မဖြစ်မနေ အပြင်သို့ထွက်ခွာပါက နှာခေါင်းစည်း(Mask)များ မဖြစ်မနေ တပ်ဆင်ကြရန်နှင့် မကြာခဏ လက်ဆေးကြရန်၊ လူစုလူဝေးပြုမူခြင်းများအား ရှောင်ကျဉ်ကြရန်၊ရပ်ဝေးရပ်နီး ဧည့်သည်များအား လက်ခံခြင်းမပြုရန်၊ မိမိတို့ကိုယ်တိုင် ဖျားခြင်း၊နာခြင်း၊ ကိုဗစ်-၁၉ရောဂါ လက္ခဏာများဖြစ်ပွားခြင်း နှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ရပ်ကွက်/ကျေးရွာ တာဝန်ရှိသူများနှင့် ကျန်းမာရေးဌာနများသို့ သတင်းပို့ဆောင် ရွက်ရန်တို့အား အသိပညာပေး နှိုးဆော်ခဲ့ကြသည်။

ကျော်စွာ(မြင်းခြံ)