မာန်အောင်မြို့နယ်တွင်  အသက်( ၅၅) နှစ်အထက်ရှိသူများနှင့် ဦးစား‌ပေးအုပ်စုတွင်ပါဝင်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကျေးလက်ကျန်းမာရေးဌာန(၂)ခု၌ဆက်လက်ထိုးနှံ

မာန်အောင် စက်တင်ဘာ ၂၁

 

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် အသက်( ၅၅ )နှစ်အထက် ရှိသူများနှင့် ဦးစားပေးအုပ်စုတွင် ပါ ဝင်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကိုကျေးလက်ကျန်းမာရေးဌာန()ခု ဖြစ်သောရဲကျွန်း၊တောထူ ကျေးလက်ကျန်းမာရေးဌာနတို့၌ ယနေ့နံနက်၁၀နာရီမှ ညနေ၃နာရီထိဆက်လက် ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံရာတွင် အသက်( ၅၅ )နှစ်အထက်ရှိသူ များ၊ ရဟန်း သံဃာ/သီလရှင်များ၊ မသန်စွမ်းသူများ၊ နာတာရှည်နှင့် မကူးစက်နိုင်ရောဂါရှိသူများနှင့်ပြောင်းရွှေ့လူအုပ်စု သည့်ပြည်သူများကို သတ်မှတ်ဦးစားပေးအုပ်စုအဖြစ် ထိုးနှံပေးလျှက်ရှိရာ ဆေးထိုးရန်လာရောက်သူများအား၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ ကို စနစ်တကျဆောင် ရွက်ပေးကာ ပုံမှန်အခြေအနေရှိသူများသာကာကွယ်ဆေးများကိုထိုးနှံပေးလျက်ရှိသည်။

 

မာန်အောင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို စက်တင်ဘာလ (၁၉)ရက်နေ့မှ စတင်ပြီး မြို့ပေါ်ရပ်ကွက် ဆေးထိုးစုရပ်ဖြစ်သော မြို့နယ်ပြည်သူ့ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာန အချို့တို့တွင် ထိုးနှံပေးပြီးဖြစ်ရာကာကွယ် ဆေးလာရောက်ထိုးနှံသူပေါင်း(၃၆၅၀)ဦးရှိပြီးဖြစ်ကြောင်းမြို့နယ် ကျန်းမာရေးဦးစီး ဌာမှသိရသည်။

 

သိန်းဖေ(ပြန်/ဆက်)