အမြို့မြို့အနယ်နယ်သတင်းများ

Sep 15,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်မားလာခြင်းမှ ဒေသတွင်း ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအသိပညာပေးခြင်း လှုပ်ရှားဆောင်ရွက်မှုကို အရှိအဟုန်မြင့်တင် ဆောင်ရွက်လျှက်ရှိသည်။
Sep 15,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကူးစက်မှု ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီက ဘတ်စ်ကား မှတ်တိုင်များတွင် ပြည်သူများအား မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်အသုံးပြုရေးအတွက် နှာခေါင်း စည်းများ ဝေငှခြင်း ( Mask Campaign) အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 15,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်စေရန်နှင့် ကူးစက်ပျံ့နှံ့မှုများ မရှိစေရန်ရည်ရွယ်၍ ဆားလင်းကြီး မြို့နယ်အတွင်း ရှိမြို့မစျေးနှင့် ကျေးလက်စျေးများတွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 15,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၁၅ ရက်နေ့နံနက်ပိုင်းက
Sep 15,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရေး ကြိုတင်၍ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကျေးလက်ဒေသရှိ ပြည်သူများအား အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်မှု ကို ယနေ့နံနက် ၇ နာရီက တော်ဝကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။
Sep 15,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များ တစ်ရက်တာ လိုအပ်သော အာဟာရများ ရရှိစေရေးအတွက် Micronutrient Powder (အဏုအာဟာရမှုန့်) များကို ယနေ့ နံနက်က တောင်ပိုင်းရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်၌ အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။
Sep 15,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် အသိပညာပေး လှုံ့ဆော်ခြင်း၊ နှာခေါင်းစည်း (mask)များ အခမဲ့ဖြန့်ဝေခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မနက်ပိုင်းက မြို့လယ် ဗိုလ်ချုပ်လမ်းမကြီးနှင့် မြို့မဈေးအတွင်း အများပြည်သူများ သိရှိလိုက်နာကြစေရန် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။