အမြို့မြို့အနယ်နယ်သတင်းများ

Sep 21,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊  မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ပင်စင်စား သက်ကြီး ဘိုးဘွား မိဘပြည်သူများအတွက် ပင်စင်လစာငွေများကို မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းဝင်းအတွင်း၌ ယနေ့နံနက် ၆ နာရီခွဲအချိန်မှ စတင်၍ ကိုဗစ်-၁၉ သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Sep 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးမထိုးသေးသည့် သံယာတော်များ၊ အသက်(၅၅)နှစ်နှင့် အထက်ပြည်သူများ၊ မသန်စွမ်းသူများ၊ နာတာရှည်နှင့်မကူးစက်နိုင်သည့် ရောဂါရှိသူများအားပထမအကြိမ်(Sinopharm) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက်၉နာရီမှစတင်၍ ကျောက်တလုံးကြီးမြို့(အ.ထ.က)၌ထိုးနှံပေးခြင်းကိုဆောင်ရွက်လျက်ရှိသည်။
Sep 21,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျေးရွာအုပ်စုများရှိ အသက်(၅၅)နှစ် နှင့် အထက် ပြည်သူများအား  ပထမ အကြိမ် အဖြစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေးကို စက်တင်ဘာ ၂၁ ရက်နေ့ နံနက် ၉ နာရီမှစတင်ကာ ကျေးရွာအုပ်စု အသီးသီးရှိ စုရပ်များတွင် ကာကွယ်ဆေးစတင်ထိုးနှံ ပေး နေပြီဖြစ်ကြောင်း သိရ သည်။
Sep 21,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာရရှိရန် ဘဏ္ဍာရေး နှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ဩဂုတ် လနောက်ဆုံးပတ်က (၁၀၀)ရာခိုင်နှုန်းပြည့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
Sep 21,2021
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဉီးလွင်မြို့နယ်အတွင်း Stay at Home သတ်မှတ်ကာလများ အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး နှင့် ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် ယနေ့နံနက် ( ၈ ) နာရီ မှ စတင်ပြီး ဈေးလေး ( သုမင်္ဂလာဈေး ) မီးပွိုင့် လမ်းဆုံတွင် သွားလာနေသော ဒေသခံပြည်သူများ ၊ ယာဉ်များ နှင် လူပုဂ္ဂိုလ်များ ကျန်းမာရေး ဆိုင်ရာ ထောက်ခံချက်များနှင့် အိမ်အပြင်ထွက်ခွင့်ကဒ်ပြားများယူဆောင်လာရခြင်း ရှိ/ မရှိ တာဝန် ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ ကြီးကြပ်စစ်ဆေးဆောင်ရွက်လျက်ရှိသည် ။
Sep 21,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြန်မာနိုင်ငံသားတိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ပန်းခင်းစီမံ ချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သောကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် နမ့်ပါလေကျေးရွာ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။
Sep 21,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်နိုင်ရေးနှင့်ကူးစက် ပြန့်ပွားမှု အမြန်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သံဃာတော်များ၊ အသက်(၅၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဈေးရောင်းသူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်(၈)နာရီ အချိန်က ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်း ကျောင်း၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
Sep 21,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကို စနစ်တကျ ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ယနေ့ နံနက်ပိုင်းတွင် အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။