အမြို့မြို့အနယ်နယ်သတင်းများ

Sep 15,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး အတွက် ဒုတိယအကြိမ် ပါးစပ် နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်း နှင့် Mask အခုရေး ၁၅၀၀ အား အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီက အမှတ်-၃ ရပ်ကွက် မြို့လမ်းဆုံနေရာ၌ ဆောင်ရွက်ခဲ့သည်။
Sep 15,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများမီးလင်းရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်အတွင်း မန္တလေးတိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာများသုံးရွာအား စက်တင်ဘာ ၁၃ ရက်နေ့တွင် တပြိုင်တည်းမီးလင်းနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် လျှပ်စစ်မန်နေဂျာ ဦးဝင်းလွင်ထံက သိရသည်။
Sep 15,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနေ့စဉ်များပြားလာမှု ကြောင့် ခရီးသည်များ ခရီးသွားလာမှု နည်းပါးသည့်အတွက် မယ်စဲ့-လွိုင်ကော်သို့ ပြေးဆွဲနေသည့် ပုဂ္ဂလိက မော်တော်ယာဉ်လိုင်းအချို့ ပုံမှန်ပြေးဆွဲမှုမရှိကြောင်း မော်တော်ယာဉ် ဂိတ်ရှိ တာဝန်ရှိသူများထံမှ သိရသည်။
Sep 15,2020
မြစ်၊ချောင်း၊ အင်းအိုင်နှင့် ဆည်ကြီးများအတွင်း ငါးသယံဇာတတိုးပွားရေး၊ သဘာဝရေပြင်များမှ ငါးသယံဇာတ စဉ်ဆက်မပြတ် ပိုမိုထုတ်လုပ်နိုင်စေရေး၊ ဒေသခံပြည်သူများ ငါးရိက္ခာ ဖူလုံစေရေးတို့ကို ရည်ရွယ်၍
Sep 15,2020
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်းရှိ မိဘပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု မရှိစေရေးနှင့် အချိန်မီ ထိန်းသိမ်းနိုင်ရေးတို့အတွက် ညမထွက်ရ အမိန့်ကို စက်တင်ဘာ(၁၅)ရက် ရက်စွဲဖြင့် ထပ်မံရက်တိုးမြှင့်လိုက်ကြောင်းသိရသည်။
Sep 15,2020
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ ညနေ(၄)နာရီက တောင်တွင်းကြီးမြို့ပေါ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။