Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးတွင် လူနာများထားရှိရန် သီးသန့်အဆောင်များ ပြင်ဆင်ဆောင်ရွက်
Sep 16,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် လူနာများထားရှိရန် ယခင် လူနာဆောင်အချို့အား နေရာပြောင်း၍သော်လည်းကောင်း၊ ward များပေါင်း၍သော်လည်းကောင်း၊ သီးသန့်အဆောင်များ (Isolation Ward) များအား ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာ(၆)ရွာ၌ Cash For Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်းများအားလုံး ၁၀၀ ရာခိုင်နှုန်း ပြီးစီး
Sep 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာ (၆) ရွာ၌ Cash For Work စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများအားလုံး ၁၀၀ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် ညမထွက်ရအမိန့် ထုတ်ပြန်ကြေညာ
Sep 16,2020
ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာတစ်ဝှမ်း ကူးစက်ပျံ့နှံ့ခဲ့ရာ မြန်မာနိုင်ငံတွင်လည်း ကူးစက်ပြန့်ပွားလျက်ရှိသဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် သီပေါမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ အမိန့်အမှတ် (၅/၂၀၂၀) ကို စက်တင်ဘာလ ၁၅ ရက် နေ့စွဲဖြင့် ညမထွက်ရအမိန့်အား ထုတ်ပြန်ကြေညာ လိုက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ပေါ်ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်
Sep 16,2020
ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် မိုးရာသီ၌ အများဆုံးဖြစ်ပွားတက်သည့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု လျော့နည်းကျဆင်းစေရေးအတွက် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့ နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးကောင်းမြို့နယ်အတွင်းရှိ မသန်စွမ်းပြည်သူများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အစီအစဉ်ဖြင့် ထောက်ပံ့ငွေ ၃၀,၀၀၀ ကျပ်စီပေးအပ်
Sep 16,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် CERP အရ ထောက်ပံ့ငွေကျပ် ၃၀၀၀၀ ကျပ်စီကို ယမန်နေ့နံနက် ၁၀ နာရီခွဲမှ စတင် ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား အမျိုးသားလူမှုရေးပင်စင်များ အိမ်တိုင်ရာရောက် ထောက်ပံ့
Sep 16,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့သည့် အမျိုးသားလူမှုရေးပင်စင်များကို ယမန်နေ့မွန်းလွဲ (၂) နာရီက ကျေးရွာများသို့ သွားရောက်၍ အိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်အတွင်းရှိ အလှူရှင်များမှ ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အလိုအလျောက် အပူချိန်တိုင်းတာစက်နှင့် အလှူငွေများ ပေးအပ်လှူဒါန်း
Sep 16,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ စေတနာရှင်ပြည်သူများမှ စုပေါင်း၍ ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် Scan စက်ဖြင် အလိုအလျောက် ကိုယ်အပူချိန် တိုင်းတာသော ငွေကျပ်သုံးသိန်းခြောက်ထောင်တန်ဖိုးရှိ ကိုယ်အပူချိန်တိုင်းတာစက်(၁)လုံးနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်သာမြို့နယ်တွင် Online ပရဟိတအသင်းဝင်များက နှာခေါင်းစည်းများဖြန့်ဝေ
Sep 16,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်းများနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ ညနေ (၄) နာရီအချိန်က တောင်သာမြို့ပေါ်ရှိ ကမော္ဘဇဘဏ်ရှေ့တွင် Online ပရဟိတအသင်းဝင်များက လမ်းသွား လမ်းလာ ပြည်သူများအား ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25442
Page
25443
Page
25444
Page
25445
Current page
25446
Page
25447
Page
25448
Page
25449
Page
25450
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department