အမြို့မြို့အနယ်နယ်သတင်းများ

Sep 21,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစား ဝန်ထမ်းများ၏ပင်စင်လစာငွေများကိုယနေ့နံနက် ၇ နာရီခွဲအချိန်က စတင်၍ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
Sep 21,2021
လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လွိုင်လင်မြို့နယ်၏  ၂၀၂၀-၂၀၂၁  ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ် Clean & Green Cities ခေါင်းစဉ်ဖြင့်  ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုရန်ပုံငွေ  ကျပ်သန်း( ၄၈၀.၀၀၀)ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျပ်(၁၀)သန်းအောက် လုပ်ငန်း(၆)ခု၊ ကျပ်(၁၀)သန်းအထက်လုပ်ငန်း(၅)ခုနှင့် ကျပ်သန်း(၁၀၀) အထက် လုပ်ငန်း(၁)ခု လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
Sep 21,2021
မွန်ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်လင်းထွန်းသည်  ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲ၁နာရီက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊  အောင်ဆန်း ခန်းမ၌ ကျင်းပပြုလုပ်သည့်   ပြည်နယ်အတွင်းရှိ တောင်သူများအတွက်  စိုက်ပျိုးစရိတ်ချေးငွေများ ထောက်ပံ့ပေးနိုင်ရေးနှင့်    စပါးအထွက်နှုန်း    ကောင်းမွန်စေရေး လုပ်ငန်းညှိနှိုင်း    အစည်းအဝေး တက်ရောက်သည်။
Sep 21,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် မေလ(၃) ရက်နေ့မှ စတင်ပြီး ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီ အချိန်မှစ၍ အမှတ်(၂)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Sep 21,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် နိုင်ရန်အတွက် ယမန်‌နေ့က ကိုဗစ်-၁၉‌ ရောဂါတားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီထံ လက်အိတ်ဗူးများ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
Sep 21,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ အသက်(၅၅) နှစ်နှင့်အထက်ပြည်သူများနှင့် ဦးစားပေးအဆင့်တွင် ပါဝင်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး Sinopharm ပထမအကြိမ်ထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်(၅)နေရာခွဲ၍ ဦးစားပေးအုပ်စုအလိုက် ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ တတိယနေ့အဖြစ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
Sep 21,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများနှင့် ဆက်စပ်ထိတွေ့ခဲ့သည့်သူများ၊ ဖျားနာ၍အနံ့ပျောက်သူများကို ယမန်နေ့ နေ့လည်ပိုင်းက RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၃၈)ဦး ထပ်မံစစ်ဆေးတွေ့ရှိ ခဲ့သည်။
Sep 21,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသမှ စိုက်ပျိုးရေးထွက်ကုန်နှင့် ဆီဆိုင်မြို့နယ်မှ  စိုက်ပျိုးရေးထွက်ကုန်များ အပြန်အလှန် လှူဒါန်းကြကြောင်း နောင်တရားမြို့ အာလူးအသင်းဥက္ကဋ္ဌ ဦးခွန်ဆန်းဦးမှ သိရသည်။