Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့သည့် Oxygen Plant ထားရှိရန် အဆောက်အဦအတွက် လိုအပ်သည့်လုပ်ငန်းများ စတင်ဆောင်ရွက်
Sep 21,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့လာသည့် Oxygen Plant ထားရှိရန်အတွက် မြို့နယ်ပြည်သူ့ဆေးရုံ၀င်းအတွင်းရှိ မြေကွက်လပ်တွင် အဆောက်အဦ စတင်ဆောက်လုပ်လျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ယနေ့ထပ်မံတွေ့ရှိသူ (၈၆) ဦးရှိပြီး ယနေ့ထိ ဆေးရုံဆင်းခွင့်ရသူ (၂၃၈၉)ဦးရှိ
Sep 21,2021
လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် Genexper ဖြင့် (၁)ဦး စစ်ဆေးခဲ့ရာ တစ်ဦးပိုးတွေ့ရှိခဲ့ပြီး ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် စက်တင်ဘာလ (၂၀)ရက်နေ့ အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ (၃၈၅) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၈၅) ဦးပိုးတွေ့ရှိပြီး ပိုးတွေ့လူနာသစ် (၈၆)ဦးမှာ Positive ဖြစ်ပါသဖြင့် ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် (၁၄) ဦး၊ သူနာပြုသင်တန်းကျောင်းတွင် (၃၄)ဦး ၊ တပ်မတော်ဆေးရုံတွင်(၄)ဦး၊ ဘောလခဲဆေးရုံတွင် (၃)ဦး၊ မယ်စဲ့ဆေးရုံတွင် (၁)ဦး၊ မယ်စဲ့မြို့နယ်ရှိ (PMC)များတွင် (၃၀)ဦး ထားရှိကုသပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ် တွင်သံဃာတော်များအား ကိုဗစ်-၁၉ ကူးစက်ခံရမှု ရှိ / မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေး
Sep 21,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန် ရေးကော်မတီမှ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများမှ သံဃာတော်များ၊ သီလရှင်များအား ကိုဗစ်၁၉-ရောဂါကူးစက်မှု ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးလျက်ရှိရာ ယနေ့ နံနက်(၉)နာရီက အုန်းပင်ခြံကျေးရွာရှိ ပညာဓိကာရုံစာသင်တိုက် မှသံဃာတော်များနှင့်လူပုဂ္ဂိုလ်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုရှိ / မရှိ စစ်ဆေးခြင်း များ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်း၌ ခရီးသည်များ အဆင်ပြေစေရေး အသွား/အပြန် ၃၀ ခေါက်နှုန်းဖြင့် ခေါက်ရေတိုးပြေးဆွဲ
Sep 21,2021
စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ ဝင်ထွက်သွားလာရာတွင် အဓိက ဝင်ပေါက်တစ်ခုဖြစ်သည့် ရန်ကုန် (ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်း၌ ဒလမြို့နယ် ဒေသခံပြည်သူများအပါအဝင် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အနယ်နယ်အရပ်ရပ်က ခရီးသွားပြည်သူများနှင့် လုပ်သားပြည်သူ များစွာတို့ကို မြစ်တွင်းသွား ချယ်ရီသင်္ဘောများဖြင့် နေ့စဉ်ပြေးဆွဲ ပို့ဆောင်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပန်နန်းဒင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharn) BIBP ဒုတိယအကြိမ်ထိုးနှံ
Sep 21,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharn (BIBP) ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့ညနေ (၆)နာရီအချိန်တွင် ပန်နန်းဒင်မြို့ (အထက-ပန်နန်းဒင်) ကျောင်းခန်းမတွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးနှိုးဆော်
Sep 21,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် ကိုဗစ်၁၉ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက်၁၀နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ ဝန်ထမ်းများ၊ ခရိုင်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ အသိပညာပေး ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်မြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး
Sep 21,2021
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ သီရိခေတ္တရာရတနာမြို့တော်ခန်းမနှင့် အ.ထ.က(၁)ပြည် ဆေးထိုးစုရပ်နေရာတို့၌ ယနေ့နံနက် ၉နာရီမှ ညနေ ၄နာရီအထိ မြို့နယ်အတွင်း ပြည်သူများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက် ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံခါးမြို့နယ်အတွင်းရှိ ရဟန်းသံဃာများနှင့် သီလရှင်တို့အား ကိုဗစ်-၁၉ ကာကွယ် ပထမအကြိမ် စတင်ထိုးနှံပေး
Sep 21,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ရဟန်းသံဃာများနှင့် သီလရှင်တို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်မှ စတင်၍ ကျောက်တံခါးမြို့နယ် ဥတ္တမာရုံဘုန်းတော်ကြီးကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25444
Page
25445
Page
25446
Page
25447
Current page
25448
Page
25449
Page
25450
Page
25451
Page
25452
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department