ပလောက်မြို့၊ဆင်ထိုးကြီးကျေးရွာအုပ်စု၌ အသက် (၅၅)နှစ် မှအသက်(၆၄)နှစ်နှင့်ဦးစားပေး အဆင့် လိုက်ပြည်သူများအား (ပထမအကြိမ်)ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ပလောက်   စက်တင်ဘာ  ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ဆင်ထိုးကြီး ကျေးရွာအုပ်စုတွင် အသက် ၅၅ နှစ်မှ ၆၅ နှစ်အတွင်းရှိ ပြည်သူ များ၊ မသန်စွမ်းသူများ၊ ရောဂါအခံရှိပြီး ကိုဗစ် ရောဂါ ကာကွယ် ဆေးထိုးနှံသင့်သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို  ယနေ့ နံနက်(၉)နာရီ အချိန်က ကျေးလက် ကျန်းမာရေး ဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က ပလောက်မြို့၊ ဆင်ထိုးကြီး ကျေးရွာ၊ခရအရှေ့ကမ်းဘုန်းကြီး ကျောင်း၊ဓမ္မာရုံတွင်  ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးကို  ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းကို မြို့ကိုဗစ်-၁၉‌ ရောဂါကာကွယ်ထိန်းချုပ် ရေးနှင့်အ‌ရေး‌ ပေါ်တုံ့ပြန်‌ ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊‌‌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ မီးသတ်တပ်ဖွဲ့၀င်များက လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

နှင်းမြူလွင် (ပလောက်)