အမြို့မြို့အနယ်နယ်သတင်းများ

Sep 21,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ခြင်း၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ခြင်း၊ လက်ကိုမကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာ နေထိုင်ခြင်း၊ မိမိနေအိမ်တွင် အသက်(၆၅)နှစ်နှင့်အထက်အသက်အရွယ်ကြီးရင့်သူ၊ ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါ တစ်ခုခုခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်းကို တပ်ဆင်ထားစေခြင်း၊ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးခြင်းစသည့် လုပ်ငန်းများကို  အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ယနေ့အထိ ကိုဗစ်-၁၉ ကူးစက်ခံ ရသူပေါင်း (၄၄၆၅၇၃)ဦး ရှိပြီးဖြစ်ကာ(၃၉၈၂၂၀)ဦးမှာ ဆေးရုံဆင်းခွင့်ရရှိပြီး ပုဗ္ဗသီရိမြို့နယ် အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားသူ (၄၀၀)ဦး၊ အခြားဒေသများမှ လာရောက်ကုသမှုခံယူနေသည့် Positive လူနာဦးရေ (၁၀၁၆)ဦး၊ ဆေးရုံမှဆင်းခွင့်ရရှိသူ (၉၇၄)ဦးရှိပြီဖြစ်ကြောင်းသိရသည်။ သို့ပါ၍ ပုဗ္ဗသီရိမြို့နယ် အတွင်းမှ ကိုဗစ်-၁၉ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာသူများနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
Sep 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်တွင် ကိုဗစ်၁၉-​ရောဂါ​ကြောင့် လူမှု​ရေး၊ စီးပွား​ရေး၊ ကျန်းမာ​ရေး၊ စားဝတ်​နေ​ရေး အခက်အခဲဖြစ်​နေကြသည့် အ​ခြေခံပြည်သူများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ရေးနှင့်ထိန်းချုပ်​ရေး အထောက်အကူပြုအဖွဲ့မှ စာရင်းများ​ ကောက်ယူပြီး သဒ္ဓါထက်သန် သည့်​ စေတနာအလှူရှင်များထံ​ ပေးပို့ခဲ့ရာ ယ​နေ့နံနက်တွင် အနန္တဂုဏ်ရည်ဆရာ​တော် ဦးစီးပြီး စာချရဟန်း​တော်များမှ Anandagoneyee Society အသင်းနှင့်(၇)ရက်သားသမီး အလှူရှင်များက အင်းစိန်မြို့နယ် အတွင်းရှိအိမ်​ထောင်စု(၇၀၀)ကျော်ကို အခြေခံစားကုန်ဆန်၊ ဆီ၊ ကြက်ဥတို့ကို အနန္တဂုဏ်ရည်​ကျောင်းတိုက်​ရှေ့တွင် လှူဒါန်းခဲ့သည်။
Sep 21,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ Covid -19 ရောဂါထိန်းချုပ် ကာကွယ်နိုင်ရေးအတွက် စာသောက်ဆိုင်များကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် အသိပညာပေး နိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် (၀၉:၀၀)အချိန်က ပန်ဝါမြို့အုပ်ချုပ်ရေးမှူး ဦးညီညီထွန်းနှင့် ဌာနဆိုင်ရာများ လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
Sep 21,2021
ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့သည် ပြည်နယ် အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူရှင် များမှ လှူဒါန်းလာသည့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကုသရေးသုံးပစ္စည်းများ လှူဒါန်းမှုကို လက်ခံရယူပြီး ပြည်နယ်အတွင်း အားကစားနှင့်ကာယပညာသိပ္ပံကျောင်း တည်ထောင်ဖွင့်လှစ်နိုင် ရေးအတွက် လျာထားမြေနေရာကြည့်ရှုစစ်ဆေးခြင်းကို စက်တင်ဘာ ၂၀ ရက်တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
Sep 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းရှူးမြို့နယ်ပြည်သူ့ဆေးရုံမှ(၁၀၀)ဦး၊ လွိုင် ဆောင်ထောက် တိုက်နယ် ဆေးရုံမှ (၁၁)ဦး၊ စုစု ပေါင်း(၁၁၁)ဦးတို့ကို ယနေ့၌ ကိုဗစ်- ၁၉ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် စစ် ဆေးရာ အမျိုးသား(၂)ဦး နှင့်အမျိုးသမီး(၃)ဦးတို့တွင် ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း သိရသည်။
Sep 21,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊   လွိုင်လင်ခရိုင် ၊ ခိုလမ်မြို့ ခုတင်(၁၀၀)ပြည်သူ့ဆေးရုံ၌ဆေးကုသမှုခံယူနေသော ခိုလမ်မြို့ ၊ အမှတ်(၁)ရပ်ကွက် မှအသက်(၆၇)နှစ် အမျိုးသား( ၁ ) ဦး ၊ အသက်(၇၅)နှစ် အမျိုးသား ( ၁ ) ဦးနှင့် အမှတ်(၄)ရပ်ကွက်မှအသက်(၆၅)နှစ်အရွယ်အမျိုးသား(၁) ဦး၊ စုစုပေါင်း ကိုဗစ်-၁၉ရောဂါပိုးတွေ့ လူနာ(၃) ဦးအား ကျန်းမာရေးကောင်းမွန်လာသဖြင့်ယမန်နေ့တွင် ဆေးရုံမှဆင်းခွင့်ပြုခဲ့သည်။
Sep 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် အသက်(၅၅)နှစ်အထက် သက်ကြီး ဘိုး/ဘွားများနှင့်နိုင်ငံဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုလျော့ချနိုင်ပြီး ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်ကာကွယ် ဆေးထိုးခြင်း ဆောင်ရွက် လျက်ရှိသည်။
Sep 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလုံးဝ မထိုးနှံရသေးသည့် ပြည်သူများအား ယနေ့နံနက်(၁၀:၀၀)နာရီ အချိန်မှစတင်၍ ပင်လုံမြို့ အထက(၁)ကျောင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (တတိယ)နေ့ ဆက်လက်ထိုးနှံပေးလျှက်ရှိကြောင်းသိရသည်။