အမြို့မြို့အနယ်နယ်သတင်းများ

Sep 16,2020
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့တွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းခြင်းနှင့် တာဝန်ပေးအပ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နက် (၁၀)နာရီခွဲ အချိန်ခန့်က အ-ထ-က(၂) အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Sep 16,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ပတ်ဝန်းကျင်ကျေးရွာများမှစိုက်ပျိုးသည့် ခရမ်းချဉ်သီးပေါ်ချိန် ခရမ်းချဉ်သီးဈေးနှုန်း တစ်ပိဿာ ၂၀၀၀ ကျပ် ရောင်းချနေရကြောင်း မုန့်ကုန်းကျေးရွာ ခရမ်းချဉ်စိုက်တောင်သူ ဦးနန်းတင်က ပြောသည်။
Sep 16,2020
နိုင်ငံခြားတင်ပို့မှုများကြောင့် ကုလားပဲဈေးနှုန်းများမြင့်တက်လာကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်)မှ သိရသည်။
Sep 16,2020
ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ခြင်းအနေဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ရောဂါ Positive လူနာများနှင့် ထိတွေ့မှုရှိခဲ့သူများကို အနီးကပ်စောင့်ကြပ်ကြည့်ရှုနိုင်ရန် Quarantine Center ထားရှိဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁နာရီက အဆိုပါ ကျောင်းခန်းမဆောင်တွင် ဆောင်ရွက်ကြောင်း သိရသည်။
Sep 16,2020
ပန်းဘဲတန်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့က အိမ်တိုင်ရာရောက်လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Sep 16,2020
မကွေးတိုင်း‌ဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု များမဖြစ်ပေါ်စေရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေး နှိုးဆော်ခြင်းများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊
Sep 16,2020
တရုတ်နိုင်ငံမှ ဝယ်လိုအားများကြောင့် ပဲတီစိမ်းများအတက်ဘက်သို့ ဦးတည်နေကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) မှ သိရသည်။
Sep 16,2020
ကိုဗစ်-၁၉ ရောဂါ ကူးဆက်ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေး သိမှတ်ဖွယ်ရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး၊ ကြိုတင်သတိပြု ကာကွယ်စေရေးနှင့် ဆောင်ရန်၊ ရှောင်ရန် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ အသိပညာပေးမြေစိုက် နံရံကပ်စာစောင်ပြသမှုကို ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက် ၁၀ နာရီက ပြသဆောင်ရွက်ခဲ့ သည်။