ရေတာရှည် စက်တင်ဘာ ၂၁
တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက် ပေးခြင်းကို ယမန်နေ့က နတ်ရေတွင်းဘုန်တော်ကြီးကျောင်း ဓမ္မာရုံ၌ ပြုလုပ်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ရေတာရှည်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ရဲကုန်းကျေးရွာအုပ်စုအတွင်း နေထိုင်ကြသည့် အသက် ၁၆ နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့် ဒေသခံပြည်သူ ၁၇၃ ဦးတို့အား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ နေ့ချင်းပြီး ပြုလုပ်ပေးသည်။
ပန်းခင်းစီမံချက်ဖြင့် ရေတာရှည်မြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေ စာရင်းများနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်းကို ၂၀၂၁ ခုနှစ် မေ ၃ ရက်မှ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့အထိ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရေတာရှည် မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
အေးဆု