ဝက်လက်မြို့နယ်တွင်  ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယ အကြိမ်အဖြစ် လူဦးရေ ၆၀၀၀ ဦး ထိုးနှံပြီး

ဝက်လက် စက်တင်ဘာ  ၂၁

စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်လုပ် သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဒုတိယအကြိမ်အဖြစ် လူဦးရေ ၆၀၀၀ ဦးကို ထိုးနှံပေးပြီး ဖြစ်ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ရဟန်းသံဃာများ၊ သီလရှင်များ၊ ကာကွယ်ဆေး မထိုးရသေးသည့် ဝန်ထမ်းများ၊ ၆၅ နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိက ဆေးခန်းများမှ ဝန်ထမ်းများ၊ စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်နေသူများ၊ ဘိုးဘွား ရိပ်သာမှ သက်ကြီး ဘိုးဘွားများ၊ သီလရှင်များ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးတွင် လုပ်ကိုင်ဆောင်ရွက်နေသော စေတနာ့ ဝန်ထမ်းများ၊  စျေးရောင်းချသူများ ကို ထိုနှံပေးပြီးကြောင်း သိရသည်။

 

ကာကွယ်ဆေး ဒုတိယ အကြိမ် ထိုးနှံခြင်းလုပ်ငန်းကို ဝက်လက် မြို့နယ်အတွင်း စုရပ် သုံး ခုတွင်  နံနက် ၈ နာရီမှ ညနေ ၃ နာရီ အထိ၊   စက်တင်ဘာလ ၃ ရက်နေ့ နှင့် ၄ ရက်နေ့ များတွင် လူဦးရေ ၂၀၀၀ ဦး ကိုလည်ကောင်း၊ စက်တင်ဘာလ ၇ ရက်နေ့ နှင့် ၈ ရက်နေ့ များတွင်လူဦးရေ၂၀၀၀ ဦး ၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် လူဦးရေ ၁၀၀၀ ဦး၊ စက်တင်ဘာလ ၁၉ ရက်နေ့ နှင့် ၂၀ ရက်နေ့များတွင် လူဦးရေ ၁၀၀၀ဦး၊ စုစုပေါင်း လူဦးရေ ၆၀၀၀ ဦးကို ထိုးနှံပြီးကြောင်းကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရပါသည်။

 

အဆိုပါ လုပ်ငန်းများကို ကျန်မာရေး ဝန်ထမ်းများ၊ မြို့နယ်အဆင့် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပူးပေါင်းပါဝင် ဆောင်ရွက်ကြ ကြောင်း သိရှိရသည်။   

     စိုးစိုးလှိုင် (ဝက်လက်)