ကော့ကရိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးနှိုးဆော်

ကော့ကရိတ် စက်တင်ဘာ ၂၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် ကိုဗစ်၁၉ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက်၁၀နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ ဝန်ထမ်းများ၊ ခရိုင်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ အသိပညာပေး ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ထိုသို့နှိုးဆော်အသိပညာပေးဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်၁၉ရောဂါကူးစက်မှု ပြတ်တောက်ပြီး ထိထိ ရောက်ရောက်ကာကွယ်နိုင်ရန် အိမ်တွင်း၌သာနေထိုင်ရန်၊ ပြင်ပဧည့်သည် များအား အိမ်တွင်လက်မခံရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း Mask တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေထိုင်ရန်၊ လူစုလူဝေးပြု လုပ်သွားလာခြင်း ရှောင်ကြရန်၊ လက်ကိုဆပ်ပြာနှင့် စနစ်တကျဆေးရန်၊ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ဆက်သွယ်ပြီး ဆေးကုသမှုခံယူရန်နှင့်ကော့ကရိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်​ဆေးထိုးနှံခြင်းကို ပထမအကြိမ်အဖြစ်ထိုးနှံ​ပေးလျက်ရှိရာ ပြည်သူများအ​နေဖြင့်ကာကွယ် ဆေးလာရောက်ထိုးနှံကြရေး၊ ရောဂါကူးစက်မှုကို အမြန် တားဆီးကာကွယ်နိုင်ရေး အတွက်ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများကို ပြည်သူများကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်စသည့် အချက်များကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာနေပြည်သူများ သိရှိလိုက် နာဆောင်ရွက်နိုင်ရေး အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

KMW(ခရိုင်ပြန်/ဆက်)