ကျောက်တံခါးမြို့နယ်အတွင်းရှိ ရဟန်းသံဃာများနှင့် သီလရှင်တို့အား ကိုဗစ်-၁၉ ကာကွယ် ပထမအကြိမ် စတင်ထိုးနှံပေး

ကျောက်တံခါး စက်တင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏  ဦးဆောင်ကြီးကြပ်မှုဖြင့် ရဟန်းသံဃာများနှင့် သီလရှင်တို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်မှ စတင်၍ ကျောက်တံခါးမြို့နယ် ဥတ္တမာရုံဘုန်းတော်ကြီးကျောင်း၌  ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေး ထိုးနှံပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည့် အကူအညီများ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်ပုလင်းလျှင် ငါးဦးနှုန်းဖြင့် ထိုးနှံပေးခြင်းဖြစ်သည်။ ယင်းကာကွယ်ဆေး ထိုးရာနေရာ၌  လူစု၊ လူဝေး မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း အသက်အရွယ်အလိုက် အုပ်စုများခွဲကာ စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး  ဆေးထိုးရာနေရာတိုင်း၌ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပရဟိတ အဖွဲ့အစည်းများက ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စန်းစန်း