ပန်နန်းဒင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharn) BIBP ဒုတိယအကြိမ်ထိုးနှံ

ပန်နန်းဒင် စက်တင်ဘာ  ၂၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး   Sinopharn (BIBP) ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့ညနေ (၆)နာရီအချိန်တွင်    ပန်နန်းဒင်မြို့ (အထက-ပန်နန်းဒင်) ကျောင်းခန်းမတွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ထိုကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင်      နောင်မွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနမ်ရဲမင်က အနီးကပ်ကြီးကြပ်မှုဖြင့် ပန်နန်းဒင်မြို့အတွင်းရှိ ပြည်သူလူထုများ အား နောင်မွန်မြို့ ပြည်သူ့ဆေးရုံမှ ဆရာမဒေါ် မခွမ်ကန်ဇမီဆားရ်နှင့် ဆရာမဒေါ်ကူရှင်ချန်တို့က ထိုးနှံပေးရာ ပန်နန်းဒင်မြို့ အတွင်းရှိ ပြည်သူလူထု ကျား(၁၁)ဦး၊ မ(၁၉)ဦး စုစုပေါင်း(၃၀)ဦးတို့ကို ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm (BIBP) ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်)တွင် ပြည်သူလူထုစုစုပေါင်း(၄၄)ဦးအား  ထိုးနှံ ပေးခဲ့သော်လည်း ယခုဒုတိယအကြိမ်တွင် (၃၀)ဦးသာ လာရောက်ထိုးနှံလာခဲ့ကြောင်းနှင့် ယခု ဒုတိယ အကြိမ်အဖြစ် နှစ်ကြိမ်ထိုးနှံပေးခဲ့သည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm(BIBP) နှစ်ကြိမ် ထိုးနှံပြီးစီးကြောင်းလက်မှတ်များကို နောင်မွန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနမ်ရဲမင်၊ ပန်နန်းဒင်မြို့အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းနှင့် မြို့မရဲစခန်းမှူး မိုး၀င်းတို့က နှစ်ကြိမ် ထိုးနှံပြီးစီးကြောင်း လက်မှတ်များကို အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

နောယော်ဘော်