စဉ့်ကိုင်၊ စက်တင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန် ရေးကော်မတီမှ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများမှ သံဃာတော်များ၊ သီလရှင်များအား ကိုဗစ်၁၉-ရောဂါကူးစက်မှု ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးလျက်ရှိရာ ယနေ့ နံနက်(၉)နာရီက အုန်းပင်ခြံကျေးရွာရှိ ပညာဓိကာရုံစာသင်တိုက် မှသံဃာတော်များနှင့်လူပုဂ္ဂိုလ်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုရှိ / မရှိ စစ်ဆေးခြင်း များ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးလွင်၏ကြီးကြပ်မှု ဖြင့် ကျန်းမာရေးမှူး အဆင့်(၁) ဒေါ်ယဉ်နွယ်မြင့်၊ ကျန်းမာရေး မှူး ဦးအောင်ကျော်သင်းနှင့် ကျန်းမာရေး၀န်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောက်ရွက်ခဲ့ပြီး သံဃာတော်(၇၉)ပါး၊ လူပုဂ္ဂိုလ်(၇) ဦး တို့ အား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ သံဃာတော် များနှင့် စာသင်သား များတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှု မ ရှိကြောင်း သိရှိသည်။
စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေး စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများ နှင့် သီလရှင်ကျောင်းများသို့ ကွင်းဆင်း၍ ကိုဗစ်၁၉-ရောဂါ ကူးစက်မှုရှိ/မရှိ စစ်ဆေးခြင်းများ ဆက်လက် ဆောင်သွားပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)