အမြို့မြို့အနယ်နယ်သတင်းများ

Sep 15,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ နမ့်ပန်ခန်းမ အတွင်းတွင် ယမန်နေ့ နေ့လယ် (၃)နာရီခွဲ အချိန်က ရှမ်းပြည်နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖြန့်ဝေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပစ္စည်းအတွက် Hand Held Mega Phone များကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စု စာရေးဝန်ထမ်း (၁၄) ဦးထံသို့ ထပ်ဆင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 15,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်းပပျောက်ရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရွှေတောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ရွှေတောင်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ အရက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် လူစုလူဝေးများ မဖြစ်ပေါ်စေရေး အတွက် အစားအသောက်ရောင်းချသည့် ဆိုင်များ အားလုံး ဆိုင်ထိုင်ရောင်းချခြင်းအား ယာယီ ပိတ်သိမ်းပြီး ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေး ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
Sep 15,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေး၊ ကူးစက်ပျံ့နှံ့မှု မရှိစေရေးနှင့် ကာကွယ်ရေးသုံး အထောက်အကူပြု ပစ္စည်းများအား ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ဒေးဒရဲမြို့အတွင်း လူစည်ကားရာနေရာများတွင် Mask နှင့် Face Shield များအား ဈေးနှုန်းချိုသာစွာဖြင့် ယနေ့နံနက် ၉ နာရီမှ စတင်၍ ပဲ့တင်သံ ပရဟိတအသင်း (ဖျာပုံမြို့)က လာရောက်ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။
Sep 15,2020
ပဲခူးတိုင်းဓဒသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့နံနက်(၉)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Sep 15,2020
စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ် မိုးစပါး မျိုးစေ့ထုတ် တောင်သူများအား (CERP) အစီစဉ်ဖြင့် ဒုတိယအကြိမ် ငွေကြေးထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် (၁၀) နာရီက ထီးလှိုင်ရှင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 15,2020
၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရွေးကောက်ပွဲကာလတွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့၌ လုံခြုံရေးအထူးရဲအင်အား ၂၂၀ ဦး အသုံးပြု သွားမည်ဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။
Sep 15,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် စားသောက်ဆိုင်၊ လက်ဘက်ရည် ဆိုင်များနှင့် လမ်းဘေး စားသောက်ဆိုင်ငယ်များအားလုံး ပါဆယ်စနစ်ဖြင့် ယနေ့ နံနက် ၆ နာရီက စတင်ရောင်းချ လျက်ရှိကြောင်း သိရသည်။
Sep 15,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့တွင် ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနံရံကပ်စာစောင်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်ရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသထားကြောင်း သိရသည်။