Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံရပ်ကွက်တွင် အသက်(၅၅)နှစ်အထက် ပြည်သူများ ဆရာတော်၊ သံဃာတော်များအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Sep 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု လျော့နည်းစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ အသက်(၅၅)နှစ်အထက် ပြည်သူများ ဆရာတော်၊ သံဃာတော်များအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၇ နာရီက ရွှေပေါက်ကံမြို့သစ်၊ (၂၁)ရပ်ကွက်၊ မြို့ဦးကျောင်း တိုက်အတွင်းတွင် ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့နယ်အတွင်းရှိ အသက်(၅၅)နှစ်အထက် ပြည်သူ(၁၄၁၅)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)ထိုးနှံပေး
Sep 22,2021
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများနှင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်းပြီး မုံရွာမြို့နယ် အတွင်းရှိ အသက်(၅၅)နှစ်အထက် ပြည်သူများအား သတ်မှတ်အုပ်စုအလိုက် ဦးစားပေးအစီအစဥ်အတိုင်း ယမန်နေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ သတ်မှတ်နေရာ (၅)ခုတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း လောက်ကိုင်မြို့ ယာယီနယ်စပ်ဂိတ်ဖွင့်လှစ်မည့် နေရာသို့ကွင်းဆင်းစစ်ဆေး
Sep 22,2021
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်တာဝန်ရှိသူများသည် ယမန်နေ့ နံနက် (၉) နာရီအချိန်က ‘၀’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့ရှိ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်၊ ရန်လုံကြိုင်းတံတားသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ၎င်းမှတစ်ဆင့် BP-125 အနီးရှိ နှစ်နိုင်ငံယာယီ နယ်စပ်ဂိတ်ဖွင့်လှစ်မည့်နေရာနှင့် Quarantine Center ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာကေတတွင် အကြင်နာကုသိုလ်ပြု လူမှုကူညီရေးအသင်းရုံးခန်းဖွင့်ပွဲ၊ ကျန်းမာရေးအထောက်အကူပြု မော်တော်ယာဉ် လှူဒါန်းပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကျင်းပ
Sep 22,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ အကြင်နာကုသိုလ်ပြု လူမှုကူညီရေးအသင်း (ရုံးခွဲ) ဖွင့်ပွဲ၊ ကျန်းမာရေး အထောက်အကူပြု မော်တော်ယာဉ်လှူဒါန်းပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက်(၁၀)နာရီခွဲက သာကေတ မြို့နယ်၊ ၁/ထူပါရုံရပ်ကွက်၊ ထူပါရုံလမ်းမကြီးနှင့် ထူပါရုံ(ရ)လမ်းထိပ်ရှိ ကုသလ ဝေယျာဝစ္စဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အလုံးရေး ၆၁၉၈ တပ်မတော်လေယာည်ဖြင့် ပို့ဆောင်
Sep 22,2021
ရှမ်းပြည်နယ်၊ အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဆေးအလုံးရေ ၆၁၉၈ ကို တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ပို့ဆောင်ပေးခဲ့ရာ ယမန်နေ့ မွန်းတဲ့ ၁၂ နာရီခွဲက ရောက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရေးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 22,2021
မွန်ပြည်နယ် ရေးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) တတိယသုတ်ကို ယမန်နေ့ နံနက် ၉ နာရီမှစ၍ သတ်မှတ်ထားသည့် ဆေးထိုးစုရပ် (၁၃)နေရာတွင် ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများမရှိစေရေး အသိပညာပေးခြင်းကို မြန်မာ၊စကောကရင်နှစ်ဘာသာဖြင့်အသိပေးနှိုးဆော်
Sep 22,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ကမမောင်းမြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုလျော့နည်းစေရန်နှင့် ရောဂါကွင်းဆက်ပြတ်တောက်နိုင်ရေး နှင့်မိဘပြည်သူများအားပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် အသိပညာပေး နှိုးဆော်ခြင်း များကိုဆောင်ရွက်လျက်ရှိရာ ယနေ့ညနေ ၄နာရီအချိန်၌ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေး အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) တစ်ကြိမ် မျှမထိုးနှံရသေးသည့် သူများအား ဒုတိယအုပ်စုအနေဖြင့်ထိုးနှံနိုင်စေရေး နှိုးဆော်ခြင်း များကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်တွင် မော်တော်ဆိုင်ကယ် မှတ်ပုံတင်ခြင်း ကိုဗစ်-၁၉ကာကွယ်ရေး စည်းကမ်း သတ်မှတ်ချက် နှင့်အညီ ဆောင်ရွက်ပေး
Sep 22,2021
မွန်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးတွင် ပြည်သူများအတွက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး၊ ယာဉ်မောင်းလိုင်စင်များ ဥပဒေအညီ ထုတ်ပေးရေး၊ မှတ်ပုံတင်ပေးခြင်း လုပ်ငန်းကို စက်တင်ဘာ ၁၆ ရက်နေ့မှစ၍ One Stop Service စီမံချက်ဖြင့် ဆက်လက် ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25434
Page
25435
Page
25436
Page
25437
Current page
25438
Page
25439
Page
25440
Page
25441
Page
25442
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department