ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အလုံးရေး ၆၁၉၈ တပ်မတော်လေယာည်ဖြင့် ပို့ဆောင်

ကျိုင်းတုံ          စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်၊ အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm  ဆေးအလုံးရေ ၆၁၉၈ ကို တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ပို့ဆောင်ပေးခဲ့ရာ ယမန်နေ့ မွန်းတဲ့ ၁၂ နာရီခွဲက ရောက်ရှိသည်။

တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်လာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အမျိုးအစား အလုံးရေ ၆၁၉၈ ၊ ကျိုင်းတုံမြို့သို့ ရောက်ရှိခဲ့ရာ ရှမ်းအရှေ့ ၊ ဒုတိယပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာ ကျော်ကျော်လင်းနှင့်   တာဝန်ရှိသူများက ကြိုဆိုလက်ခံ ကြသည်။

အဆိုပါရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အမျိုးအစား အလုံးရေ ၆၁၉၈ သည် တစ်လုံးလျှင် လူဦးရေ ၅ ဦး ထိုးနှံပေးနိုင်ပြီး လူဦးရေ (၃၀၉၉၀)စာအတွက် ရှမ်းပြည်နယ်၊ အရှေ့ပိုင်းရှိ မြို့နယ်များအလိုက် ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆက်လက် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)