Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လောင်းလုံးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ ပြန်လည်ကျန်းမားလာပြီး လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လာသူ၏ ရင်တွင်းစကားသံ
Sep 22,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်ကာကွယ်ဆေးများကို ရပ်ကွက်/ကျေးရွာများတွင် ထိုးနှံ ပေးလျက်ရှိပြီး ကိုဗစ်-၁၉ရောဂါကူးစက်ခံရသော်လည်း ပြန်လည်ကောင်းမွန်လာသူ ဒေါ်အိအိမြတ် ၏ ရင်တွင်းစကားသံကို ယခုလိုဖော်ပြပေးလိုက်ရပါသည်။
အပြည့်အစုံ ဖတ်ရန်
နောင်မွန်မြို့နယ်၌ တတိယအကြိမ်အဖြစ် ကျေးရွာပြည်သူများအားကိုဗစ်-၁၉ရောဂါကာကွယ် ဆေးကွင်းဆင်းထိုးနှံပေး
Sep 22,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် လန်ဆာကျေးရွာအုပ်စုရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm )BIBPကို ယမန်နေ့ နေ့လည်(၁၂)နာရီက အဆိုပါကျေးရွာအုပ်စုရှိ ကျေးရွာခန်းမများတွင် ကွင်းဆင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းခင်းစီမံချက်ဖြင့် ဒေးဒရဲမြို့နယ် တော်ကမယ်ကျေးရွာတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စီစစ်ရေးကတ်ပြား ပေးအပ်ပွဲကျင်းပ
Sep 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် တော်ကမယ်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲကို ယနေ့နံနက် ၉နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို အားပေးကြည့်ရှု
Sep 22,2021
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းနှင့် တာဝန်ရှိသူတို့နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ သာသနာ့ ဗိမာန်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုအား ကြည့်ရှုအားပေးပြီး ကာကွယ်ဆေး ထိုးပြီးသွားသူများအား ရင်းရင်းနှီးနှီး လိုက်လံအားပေးစကားများ ပြောကြားခဲ့ကြပါသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်ပြည်သူ့ဆေးရုံအတွက်အောက်ဆီဂျင်အိုး(၉၇)လုံးသွားရောက်သယ်ယူခြင်းမှပြန်လည်ရောက်ရှိ
Sep 22,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသော လူနာများအတွက်လိုအပ်သောအောက်ဆီဂျင်များကို သီပေါလူငယ်ပရဟိတ အသင်းနှင့် နယ်စည်းမခြား ပရဟိတအသင်း တို့မှ ကူညီဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၈နာရီအချိန်က လားရှိုးမြို့နယ်ခါးရှီကျေးရွာရှိ အောက်ဆီဂျင်စက်ရုံသို့ အောက်ဆီဂျင်အိုး (၉၇)အိုးသွားရောက်ဖြည့်တင်း သယ်ဆောင်ခဲ့ပြီး ယမန်နေ့မွန်းလွှဲပိုင်းက ပြန်လည် ရောက်ရှိ ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့၌ ပြန်/ ဆက်ဝန်ထမ်းများ စာဖတ်ဝိုင်း ဆောင်ရွက်
Sep 22,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ စာဖတ်ဝိုင်းဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲတွင် ဤဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွာငံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) အား ဒုတိယအကြိမ်၊ ပထမအသုတ်တွင် လူဦးရေ (၂၅၈၅) ဦးထိုးနှံပြီးစီး
Sep 22,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိအသက် ၅၅ နှစ်နှင့် အထက်ပြည်သူများ၊ ဘုန်းကြီး ကျောင်း/သီလရှင်ကျောင်းများနှင့် သာသနာ့ဝန်ထမ်းများ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ( Sinopharm ) အား ဒုတိယအကြိမ် ပထမအသုတ် ထိုးနှံပေးခြင်းကို စက်တင်ဘာလ (၁၉) ရက်နေ့မှ စက်တင်ဘာ (၂၁)ရက်နေ့အထိ သုံးရက်တာကာလအတွင်း (၂၅၈၅) ဦး ထိုးနှံပြီးစီးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ် ရေသိုးညောင်ဝိုင်းကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်…
Sep 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်က ရေသိုးညောင်ဝိုင်းကျေးရွာ အောင်သိပ္ပံလူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25430
Page
25431
Page
25432
Page
25433
Current page
25434
Page
25435
Page
25436
Page
25437
Page
25438
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department