သာကေတတွင် အကြင်နာကုသိုလ်ပြု လူမှုကူညီရေးအသင်းရုံးခန်းဖွင့်ပွဲ၊ ကျန်းမာရေးအထောက်အကူပြု မော်တော်ယာဉ် လှူဒါန်းပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကျင်းပ

သာကေတ စက်တင်ဘာ ၂၂

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ အကြင်နာကုသိုလ်ပြု လူမှုကူညီရေးအသင်း (ရုံးခွဲ) ဖွင့်ပွဲ၊ ကျန်းမာရေး အထောက်အကူပြု မော်တော်ယာဉ်လှူဒါန်းပွဲနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက်(၁၀)နာရီခွဲက သာကေတ မြို့နယ်၊ ၁/ထူပါရုံရပ်ကွက်၊ ထူပါရုံလမ်းမကြီးနှင့် ထူပါရုံ(ရ)လမ်းထိပ်ရှိ ကုသလဝေယျာဝစ္စဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သာကေတမြို့နယ်၊ အကြင်နာကုသိုလ်ပြု လူမှုကူညီရေးအသင်း(ရုံးခွဲ)၊ ၁/ထူပါရုံ ရုံးခန်းနှင့် အသင်းဆိုင်းဘုတ်ကို အမွှေး နံ့သာရည်များ ပက်ဖျန်းကာ ဖွင့်လှစ်ခဲ့ပြီး ဦးစံရွှေ+ဒေါ်မာလာ မိသားစု (မာလာစတိုးနှင့် ပိုးထည်တိုက်)၊ မြင်တော်သာ လမ်းမကြီး (၇)ဈေးအနီးမှ ကျန်းမာရေးအထောက်အကူပြု မော်တော်ယာဉ်အား အကြင်နာကုသိုလ်ပြု လူမှုကူညီရေးအသင်းထံသို့ လှူဒါန်းခဲ့ သည်။

၄င်းနောက် အကြင်နာကုသိုလ်ပြု လူမှုကူညီရေးအသင်းသူ အသင်းသားများနှင့် အလှူရှင်များက ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သာကေတမြို့နယ်၊ အကြင်နာကုသိုလ်ပြုလူမှုကူညီရေးအသင်း(၁/ထူပါရုံ)သို့ အကူအညီ တောင်းလိုလျှင် ဖုန်း-၀၉-ရရဝ၅၂၃၅၄၊ ၀၉-၄၂၁၁၉၄၅၉၆၊ ၀၉-၂၅ဝ၂၅၂၄၅၂ သို့ (၂၄)နာရီဆက်သွယ်နိုင်ကြောင်း သိရသည်။

ဆောင်နှင်းဖြူ(ပြန်/ဆက်)