မြောက်ဥက္ကလာပ စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု လျော့နည်းစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ အသက်(၅၅)နှစ်အထက် ပြည်သူများ ဆရာတော်၊ သံဃာတော်များအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၇ နာရီက ရွှေပေါက်ကံမြို့သစ်၊ (၂၁)ရပ်ကွက်၊ မြို့ဦးကျောင်း တိုက်အတွင်းတွင် ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးထိုးနှံရာသို့ ရွှေပေါက်ကံမြို့သစ်အတွင်းရှိ အသက်(၅၅)နှစ်အထက် ပြည်သူများ၊ ဆရာတော်၊ သံဃာတော် (၄၀၀)အား ရွှေပေါက်ကံမြို့သစ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့် အဖွဲ့များ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ ပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး စင်တင်ဘာလ ၂၄ ရက်နေ့တွင်လည်း ပြည်သူ(၄၀၀)ဦးအား ထပ်မံထိုးနှံပေးသွားမည်ဖြစ် ကြောင်း သိရ သည်။
မြမြဝင်း