Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လပွတ္တာမြို့နယ်အတွင်းရှိ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံအလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေး
Sep 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံမှုအား ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က လပွတ္တာမြို့နယ် ပြည်သူ့ဆေးရုံဟောင်းတွင် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများရှိ အသက် ၆၅ နှစ် အထက် ပုဂ္ဂိုလ်များနှင့် သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီး သူများအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ပင်လည်ဘူး -အထက တွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်ကျေးရွာများရှိ ပြည်သူများအား ကိုဗစ်-၁၉ ပိုး ရှိ/မရှိ အခမဲ့ စစ်ဆေးဆောင်ရွက်…
Sep 21,2021
ရခိုင်ပြည်နယ် မောင်တောမြို့နယ် တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ငန်းချောင်းကျေး ရွာ နှင့် ဖားဝပ်ချောင်း ကျေးရွာရှိ ပြည်သူများအား စက်တင်ဘာ ၂၁ ရက်နေ့ နံနက် ၉ နာရီ အချိန်က အဆိုပါ ကျေးရွာ များရှိ သတ်မှတ်စုရပ် နေရာ များတွင် ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagn ostic Test (RDT) ဖြင့် အခမဲ့ ကွင်းဆင်း စစ်ဆေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လာရောက်ကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ် ဆောင်ရွက် ပေး ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တော်မြို့၌ အသက်(၅၅)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
Sep 21,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား မြို့ပေါ်ရပ်ကွက်များရှိ အသက်(၅၅)နှစ်ထက် ပြည်သူ များအား ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက် ၈ နာရီ အချိန်က မြို့နယ်ပြည်သူ့ဆေးရုံရှိ စုရပ်နေရာများ၌ ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငပလီမြို့၌ အခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန်များထောက်ပံ့ပေးအပ်
Sep 21,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း အခြေခံလူတန်းစား အိမ်ထောင်စုများသို့ အခြေခံစားသောက်ကုန်ပစ္စည်းသုံးမျိုးထောက်ပံ့လှူဒါန်းခြင်း ကို ငပလီမြို့ ၊ ဇီးဖြူကုန်းရပ်ကွက်တွင် ယမန်နေ့ နေ့လည်ပိုင်းက စေတနာရှင်အလှူရှင်များက စုပေါင်း ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
အရာတော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူ ၂၆၄၅ ဦးအား ထိုးနှံပြီးစီး
Sep 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူ (၂၆၄၅)ဦးအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို (၁၈-၉-၂၀၂၁)ရက်နေ့မှ စတင်ပြီး ယနေ့ နံနက်(၈)နာရီအချိန်ထိ မြို့နယ်ပြည်သူ့ဆေးရုံ ဆာဆာကာဝါခန်းမ၊ အမှတ်(၁)ရပ်ကွက်ရှိ အခြေခံ ပညာအထက်တန်းကျောင်း၊ အမှတ် ၂ ရပ်ကွက်(အခြေခံပညာ မူလတန်းလွန်ကျောင်း)၊ အမှတ် ၃ ရပ်ကွက်(အခြေခံပညာအလယ်တန်းကျောင်း-ခွဲ)တို့တွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အဖွဲ့လေးဖွဲ့ခွဲကာ ထိုးနှံပေးခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ကျိန္တလီမြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ကာလအတွင်း အရေးပေါ်လိုအပ်နေသော ခွဲစိတ်ခန်းသုံး (PAPR) ဝတ်စုံ(၄)စုံ ပေးအပ်လှုဒါန်း
Sep 21,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉တတိယလှိုင်းကာလအတွင်း အရေးပေါ် လိုအပ်နေသော ခွဲစိတ်ခန်းသုံး(PAPR)ဝတ်စုံ(၄)စုံပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီက ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ပေးအပ် လှူဒါန်းခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လိုက်မြို့နယ်၌ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးခွင့်ရရှိသူများ မကျန်ရှိစေရေး ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၌ တတိယအသုတ် ပထမအကြိမ် ထိုးနှံပေးခဲ့ သည့် သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူများအား ဒုတိယ အကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရာ၌ ဆေးထိုးခွင့်ရရှိသူများ မကျန်ရှိစေရေး အတွက် ယနေ့နံနက်ပိုင်းက မြို့တော်ခန်းမ၊ ကင်းတပ်ကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းနှင့် ခါဝဲကျေးရွာများတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25436
Page
25437
Page
25438
Page
25439
Current page
25440
Page
25441
Page
25442
Page
25443
Page
25444
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department