Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျုံပျော်တွင် အသက်(၅၅) နှစ်နှင့်အထက် ပြည်သူများနှင့် မသန်စွမ်းသူများကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
Sep 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စဉ်ဆက် မပြတ် ထိုးနှံပေးလျက်ရှိရာ၊ စက်တင်ဘာ ၂၀ ရက်နေ့က အသက်(၅၅) နှစ်နှင့်အထက် ပြည်သူများအပြင် မသန်စွမ်းသူများကိုပါ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် တတိယအကြိမ် (ပထမအသုတ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည်
Sep 22,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသူများအား ဦးတည်အုပ်စုများအလိုက် ဦးစားပေး၍ စက်တင်ဘာလ ၂၃ ရက်နေ့မှ စတင် ကာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ မှသိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့အတွင်းရှိ ပြည်သူများ ကိုဗစ်ကာကွယ်ဆေး ထိုးနှံကြရန်နှင့် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်
Sep 22,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများရှိလာသဖြင့် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်မှုအား မြို့ပေါ်/ ရပ်ကွက် များသို့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ၀န်ထမ်းများက မြို့အတွင်းရှိ အမှတ်(၃) ရပ်ကွက်၌ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၂၅၂)ကျောင်းတွင် ဝါဆိုဝါကပ်တော်မူကြသည့် ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆာ…
Sep 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၂၅၂) ကျောင်းရှိ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များနှင့် သီလရှင်များအား မြိုနယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီအချိန်က ပြည်အေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ လှူဒါန်းဆက်ကပ်ပွဲ အခမ်း အနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်များအား ကြွရောက်လာကြသော ဧည့်ပရိတ်သတ် အပေါင်း တို့မှ ဩကာသ ကန်တော့ချိုးဖြင့် ညီညာဖြဖြ ရှစ်ခိုးကန်တော့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့နယ်တွင် အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်းရှိ ရပ်ကွက်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံခြင်းများဆောင်ရွက်
Sep 22,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း အိမ်တော်ရာစေတီ တော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင် ယမန်နေ့ နံနက်(၉)နာရီ အချိန်တွင် အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်းရှိ ပြည်အနောက် ရပ်ကွက်နေ ပြည်သူ (၁၄၀)ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) အား ထိုးနှံပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ်၌ အလုပ်ဌာနများမှ အလုပ်သမား ၁၂၄၈ ဦးတို့အား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 22,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် အလုပ်ဌာနများမှ အလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား ထိုးနှံပေးခြင်းလုပ်ငန်းကို စက်တင်ဘာလ ၁၇ ရက် မှစတင်၍ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က သာစည်မြို့နယ် စည်ပင်ခန်းမ၊ ရွှေတုတ်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတို့တွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်တွင် မော်တော်ဆိုင်ကယ်မှတ်ပုံတင်ခြင်း ကိုဗစ်-၁၉ကာကွယ်ရေး စည်းကမ်းသတ်မှတ် ချက်နှင့်အညီ ဆောင်ရွက်ပေး
Sep 22,2021
မွန်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးတွင် ပြည်သူများအတွက်ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး၊ ယာဉ်မောင်းလိုင်စင်များ ဉပဒေ အညီထုတ်ပေးရေး၊ မှတ်ပုံတင်ပေးခြင်းလုပ်ငန်းကို စက်တင်ဘာ ၁၆ရက်နေ့မှစတင်၍ အောက်တိုဘာ၂၆ရက်နေ့အထိ One Stop Service စီမံချက်ဖြင့်ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်းရှိ သူများအား ကာကွယ်ဆေး ဆက်လက်ထိုးပေးရန် စာရင်းပေးသွင်းနိုင်ရေး အသိပေးနှိုးဆော်…
Sep 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း၌ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးမှုများ၊ အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်းရှိသူများ အား ကာကွယ်ဆေး ဆက်လက်ထိုးပေးရန် စာရင်းပေးသွင်းနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို လိုက်နာ ဆောင်ရွက်နိုင်ရန် အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက် များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်း လှည့်လည်အသိပေး နှိုးဆော်ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25432
Page
25433
Page
25434
Page
25435
Current page
25436
Page
25437
Page
25438
Page
25439
Page
25440
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department