ကမမောင်း စက်တင်ဘာ ၂၂
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ကမမောင်းမြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုလျော့နည်းစေရန်နှင့် ရောဂါကွင်းဆက်ပြတ်တောက်နိုင်ရေး နှင့်မိဘပြည်သူများအားပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် အသိပညာပေး နှိုးဆော်ခြင်း များကိုဆောင်ရွက်လျက်ရှိရာ ယနေ့ညနေ ၄နာရီအချိန်၌ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေး အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) တစ်ကြိမ် မျှမထိုးနှံရသေးသည့် သူများအား ဒုတိယအုပ်စုအနေဖြင့်ထိုးနှံနိုင်စေရေး နှိုးဆော်ခြင်း များကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ နှိုးဆော်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါ ကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်များ၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုရောဂါ ကွင်းဆက်ပြတ်တောက်နိုင်ရေးအချက်များ၊ မဖြစ်မနေအရေးကြီးကိစ္စများ၊ သွားလာ ရာ၌ပါးစပ်နှင့်နှာခေါင်းစည်းMaskများစနစ်တကျတပ်ဆင် သွားလာနိုင်ရန်၊ အပြင်မှ ပြန်လာပြီးတိုင်း ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီဆောင်ရွက်ကြရန်၊ ကူးစက်ရောဂါပြန့်ပွားမှုအား အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်နှင့် ဒုတိယအုပ်စုအဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ကိုထိုးနှံနိုင်ရေး အချိန်၊နေ့ရက်နှင့် ထိုးနှံပေးမည့်နေရာများအား ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်၍အသိပေးတိုက်တွန်းနှိုးဆော်ချက် များကို မြန်မာဘာသာ၊စကောကရင်နှစ်ဘာသာဖြင့်အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
လင်းသန့်(ပြန်/ဆက်)