အမြို့မြို့အနယ်နယ်သတင်းများ

Sep 17,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် MCCT အကျိုးခံစားခွင့်ရှိ သူကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂) နှစ်အောက်ကလေးငယ်များအား တတိယအကြိမ်နှင့် စတုထ္ထအကြိမ်ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းကမြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 17,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား ကိုဗစ်−၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ဆိုင်ထိုင် ရောင်းချခြင်း မပြုဘဲ ပါဆယ်(Takeaway) ရောင်းချခြင်းစနစ်ကို စက်တင်ဘာလ ၁၅ ရက်နေ့မှစ၍ ရောင်းချပေးရန် အသိပေးထားကြောင်း မြို့နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။
Sep 17,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ နောက်ပိုင်းတွင် မွေးဖွားသည့် ကလေးသူငယ်များအား တစ်ဦးလျှင် ငွေကျပ်(၁၅၀၀၀/-)နှုန်းဖြင့် (၃)လ (၁)ကြိမ် အစီအစဉ်ဖြင့် (၆)လစာအတွက် တစ်ဦးလျှင် ငွေကျပ်(၉၀၀၀၀/-)စီကို ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်ပေါင်း (၈၉၈)ဦးအား ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Sep 17,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု များ မဖြစ်ပေါ်စေရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးနှိုးဆော်ခြင်းများကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန
Sep 17,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစွမ်းရည်မြှင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်ပွဲကို ယနေ့ နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 17,2020
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး နှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
Sep 17,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် တစ်ပိုင်တစ်နိုင်ဒူးရင်းယိုထိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
Sep 17,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရေး အတွက် Handspeaker နှင့် အပူချိန်တိုင်းစက် (Thermometer)များ ပေးအပ်ခြင်းကို ယမန်နေ့က ဥတ္တရသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။