အမြို့မြို့အနယ်နယ်သတင်းများ

Sep 22,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သော ပြည်သူသို့ အသိပေးပန်ကြားချက်များကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာကြ စေရန်အတွက် ကရင်၊မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်မှုများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။    
Sep 22,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လိပ်သိုဒေသအတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီမှစတင်၍ လိပ်သိုမြို့ တိုက်နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 22,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အောက်ဆီဂျင် ပြတ်လတ်မှုမရှိစေရေးအတွက် မောင်တောမြို့နေ ပြည်သူများနှင့် စေတနာရှင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် အောင်ဆီဂျင်စက်ရုံကို ပြည်သူ့ဆေးရုံဝင်း အတွင်း တည်ဆောက် လျက်ရှိပြီး ယခုအခါ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ရာ အောက်စီဂျင် စက်ရုံအတွင်း စက်ပစ္စည်းများ တပ်ဆင်ပြီးစီးပြီ ဖြစ်သဖြင့် ယမန်နေ့ မွန်းလွဲ ၃ နာရီ အချိန်ခန့်ကစတင် စမ်းသပ်လည်ပတ် လျက်ရှိကြောင်း သိရသည်။
Sep 22,2021
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် ထိုးနှံပေးခြင်းကို ပေါက်တောမြို့ သာသနာ့ဗိမာန်စုရပ်နှင့်၊ ကျေးလက်ကျန်းမာရေး ဌာနစုရပ်(၁)နေရာတို့တွင် ယမန်နေ့ နံနက် ၁၀ နာရီက ဆက်လက်ထိုးနှံပေးသည်။
Sep 22,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံသည့် နေရာပြောင်းလဲထိုးနှံမည့်နေရာများကို ပြည်သူများသိရှိစေရန်အတွက် ယမန်နေ့ ညနေ ၃နာရီ ယနေ့ နံနက် ၆နာရီအချိန်တို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမည့်နေရာများအား ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ ဝန်ထမ်းများအသံချဲ့စက် ဖြင့် ကျေးရွာ/ရပ်ကွက်များသို့ လိုက်လံအသိပေးခဲ့ကြောင်း သိရသည်။