Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဟင်္သာတမြို့နယ်တွင် ငဝန်မြစ်ရေတိုက်စားမူကြောင့် ကမ်းပါးပြိုကျမူဖြစ်ပေါ်သဖြင့် လူနေအိမ်များ ပြောင်းရွေ့
Sep 22,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် အင်္ဂရမ်းကျေးရွာအုပ်စု အုတ်ရှစ်ကုန်းကျေးရွာတွင် ယမန်နေ့က ငဝန်မြစ်ရေ တိုက်စားမူကြောင့် ကမ်းပါးပြိုကျမူ ဖြစ်ပေါ်သဖြင့် လူနေအိမ်များ ပျက်စီးဆုံးရုံးမူ မဖြစ်စေရေးအတွက် ဘေးလွတ်ရာသို့ ပြောင်းရွေ့ခဲ့ရသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၃၆ အုပ်စုမှ တောင်သူ ၁၄၆၆ ဦးအား မိုးရာသီစိုက်ပျိုး စရိတ်ချေးများ ငွေထုတ်ချေးပြီးဖြစ်
Sep 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ချေးငွေပြေကျေပြီး သည့် တောင်သူများထံသို့ ၂၀၂၁ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကျန်းမာရေးဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေး လျက်ရှိရာ စက်တင်ဘာလ ၂၀ရက်နေ့က တောင်သူ ၆၈ ဦး၏ လယ်ဧက ၅၃၁ ဧကအတွက် စိုက်ပျိုးစရိတ် ချေးငွေပေါင်း ၇၉၆၅၀၀၀ဝိ ကျပ်အား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဂန့်ဂေါမြို့သို့ အောက်စီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများရောက်ရှိ
Sep 22,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ အောက်စီဂျင်အရေးပေါ် လိုအပ်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဂန့်ဂေါမြို့ ရွှေပြည်ဆိပ်ဦးဘုရားအနီး သာသနာ့ဗိမာန် ဝင်းအတွင်း၌ တည်ဆောက်လျက်ရှိသော အောက်စီဂျင်စက်ရုံအတွက် မြို့နယ်အတွင်းရှိ ရဟန်း၊ သံဃာများ၊ ဒေသခံပြည်သူများ၊ မြို့မိ၊ မြို့ဖများနှင့် စေတနာရှင်များစုပေါင်းလှူဒါန်းထားသည့် အောက်စီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများ စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းက စက်ရုံသို့ရောက်ရှိပြီ ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ပုသိမ်ခရိုင်ဘဏ်ခွဲမှ မိုးစပါးချေးငွေများ ထုတ်ချေးပေးလျက်ရှိ
Sep 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ပုသိမ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ မဲဇလီ၊ ဂွေးကုန်း၊ ထန်းကန့်လန့် ကျေးရွာများမှ တောင်သူ ၁၀၁ ဦးကို မိုးစပါး စိုက်ဧက (၇၈၁)ဧကအတွက် ငွေကျပ်သိန်း(၁၁၇၁.၅၀)ကို စက်တင်ဘာ (၂၀)ရက်နေ့ နံနက်ပိုင်းက စတင်ထုတ်ပေးခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ပန်နန်းဒင်မြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Sep 22,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက ်နိုင်ရန်အတွက် နောင်မွန်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည်ယမန်နေ့ ညနေပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သား၌ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ခေါင်းဆောင်မှုသင်တန်းဖွင့်လှစ်
Sep 22,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီ ထွေမှုရှိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော ကျေးရွာများ ပေါ်ထွက်လာစေရန်နှင့် ကျေးရွာလူနေမှုဘဝများ အဆင့်မြင့်မား တိုးတက်စေလာရန် ရည်ရွယ် ၍ အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ခေါင်းဆောင်မှုသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ကျောက်တံခါးကျေးရွာရှိ ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ပြုလုပ်ပေး
Sep 22,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်များ ရရှိစေရန် အတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက် ပေးလျက်ရှိသည့် ပန်းခင်းစီမံချက်ဖြင့် ကျောက်တံခါးကျေးရွာရှိဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်ခန့်ကကျောက်တံခါးကျေးရွာ သို့ သွားရောက်ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မဘိမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပြည်သူများသိရှိလိုက်နာရမည့် စည်းကမ်းချက်များအား အသိပညာပေးနှိုးဆော်
Sep 22,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လှည့်လည်၍ အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25431
Page
25432
Page
25433
Page
25434
Current page
25435
Page
25436
Page
25437
Page
25438
Page
25439
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department