အမြို့မြို့အနယ်နယ်သတင်းများ

Sep 29,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းအချို့ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရခြင်းကြောင့် မြန်မာ့စီးပွားရေးဘဏ်ကို စက်တင်ဘာလ ၁၅ရက်က ယာယီပိတ်ထားခဲ့ရာမှ ယမန်နေ့ နံနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ပြီး ပင်စင်များကို ပုံမှန်အတိုင်း ပြန်လည်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Sep 29,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းကို ယနေ့နံနက်(၈)နာရီက အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Sep 29,2021
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထိုင်းနိုင်ငံမှ ပြန်လည် ဝင်ရောက်လာ ကြမည့် မြန်မာနိုင်ငံသားများအား တိုးမြှင့်ပြီး ကြိုဆိုလက်ခံ၍ ဘားအံမြို့ အသွား အလာကန့်သတ်စောင့်ကြည့်ရေး စခန်းများတွင် အသွားအလာကန့်သတ်စောင့်ကြည့်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိမှုများအား ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
Sep 29,2021
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် လိုက်နာဆောင်ရွက်ရမည့် အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန်သိရှိစေရန်အတွက် အသံချဲ့စက်ဖြင့် အသိပေးပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ဈေးများ၊ ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ ပုဗ္ဗသီရိမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
Sep 29,2021
ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို ရပ်ကွက်(၁) ရှိ မူကြိုကျောင်းနှင့် ကိုးကန့်ယဉ်ကျေးမှုစာပေကျောင်းတွင် ယမန်နေ့နံနက်ပိုင်းမှ စတင်ပြီး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Sep 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်တွင် ယမန်နေ့နံနက် ၈ နာရီ ၃၀ မိနစ် အချိန်မှစ၍  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် (ပထမ အကြိမ်)ထိုးနှံခြင်းကို ကိုးကန့်ယဉ်ကျေးမှုခန်းမတွင် ပြုလုပ်ခဲ့ကြသည်။
Sep 29,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ လိုက်နာဆောင်ရွက်မည့် အချက်များအား ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရှိ ရပ်ကွက်/ကျေးရွာများသို့ လှည့်လည် နှိုးဆော်ခဲ့ကြသည်။
Sep 29,2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ မိုင်းလွေကျေးရွာ၊ ယန်းခိုင်ကျေးရွာနှင့် ဟွေနားကျေးရွာသို့ သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (SINOPARM) ဒုတိယအသုတ် ပထမအကြိမ် ကွင်းဆင်းထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ကျေးရွာအရောက် သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။