Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး အသက် ၅၅ နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေး
Sep 27,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ အ-ထ-က(၂)ကျောင်းတွင် ယနေ့ နံနက် ၉ နာရီအချိန်၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမည့် အသက် ၅၅ နှစ်နှင့် အထက်ပြည်သူ များကို ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်ပြည်သူ့ဆေးရုံအတွက်အောက်ဆီဂျင်အိုးများသွားရောက်သယ်ယူခြင်းမှပြန်လည်ရောက်ရှိ
Sep 27,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသော လူနာများအတွက်လိုအပ်သောအောက်ဆီဂျင်များကို သီပေါလူငယ်ပရဟိတ အသင်းနှင့် နယ်စည်းမခြား ပရဟိတအသင်းတို့မှ ကူညီဆောင်ရွက်ပေး လျက်ရှိရာ ယနေ့နံနက် ၈နာရီအချိန်က လားရှိုးမြို့နယ်ခါးရှီကျေးရွာရှိ အောက်ဆီဂျင် စက်ရုံသို့ အောက်ဆီဂျင်အိုး(၉၇)အိုး သွားရောက်ဖြည့်တင်း သယ်ဆောင်ခဲ့ပြီး ယနေ့မွန်းလွှဲ ၁နာရီခွဲအချိန် က ပြန်လည်ရောက်ရှိ ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဝါစိုက်ပျိုးရေး၊ လက်ယက္ကန်း၊ စက်ယက္ကန်းဒေသတွင်း (SME)လုပ်ငန်းဆောင်ရွက်မှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်
Sep 27,2021
မကွေးတိုင်းဒေသကြီးအတွင်း ဝါစိုက်ပျိုးရေး၊ လက်ယက္ကန်း၊ စက်ယက္ကန်းဒေသတွင်း (SME) လုပ်ငန်းဆောင်ရွက်မှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ပြုလုပ်ဆောင်ရွက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အာဟာရဗေဒဆိုင်ရာသင်တန်း ဖွင့်လှစ်ပို့ချ
Sep 27,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်လုပ်ကိုင်ကြသည့် ဒေသခံတောင်သူများ စနစ်တကျ မွေးမြူလုပ်ကိုင်တတ်စေရန်နှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ စက်တင်ဘာ ၂၆ ရက် ၊ နံနက် ၉ နာရီက ဒေသခံတောင်သူ ၂၀ ဦးအား အာဟာရဗေဒဆိုင်ရာသင်တန်း ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပလောက်မြို့၊ ပြင်ဘုငယ်ကျေးရွာအုပ်စုတွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် အသက်(၁၈)နှစ်နှင့်အထက်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်တွင် မြို့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြင်ဘုငယ်ကျေးရွာ၊ အလကကျောင်း၌ စနစ်တကျထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံတွင် ကိုယ်အင်္ဂါမသန်စွမ်းသူအကြောင်း သိကောင်းစရာ ဆွေးနွေးပွဲ Talk Show ကျင်းပ
Sep 27,2021
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေ ပြုဗဟိုဌာန Community Center ခန်းမတွင် ယနေ့နံနက် ၁၁ နာရီ က မသန်းစွမ်းသူများအကြောင်း သိကောင်းစရာဆွေးနွေးပွဲ Talk Show ကို ကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်း ချောင်းဆုံရုံးခွဲတို့ ပူးပေါင်းပြီးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ်တွင် မိုးစပါးချေးငွေဆက်လက်ထုတ်ပေးရာ ယနေ့အထိ ငွေကျပ် (၂၃၄၀၇)သိန်းကျော် ထုတ်ချေးပေးပြီး
Sep 27,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက် တောင်သူကြီးများအား ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ထုတ်ချေးပေးလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းအချိန် က အဆိုပါဘဏ်ခွဲတွင် ကညှော်ကျေးရွာ တောင်သူ (၂၂၀)ဦးအား စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဝရကျွန်းအုပ်စု(ဘင်္ဂါလီ)ကျေးရွာရှိ အသက်(၁၈)နှစ်နှင့်အထက်ပြည်သူ (၁၀၀၀) ဉီးတို့အားပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး
Sep 27,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ဝရကျွန်းအုပ်စု(ဘင်္ဂါလီ) ကျေးရွာရှိ အသက်(၁၈)နှစ်နှင့် အထက်ပြည် သူများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းကို စက်တင်ဘာ ၂၇ ရက် နံနက် ၉ နာရီအချိန်ကအဆိုပါ ကျေးရွာရှိ စာသင်ကျောင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ၏လမ်းညွှန်ချက်များနှင့် အညီစတင်ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25381
Page
25382
Page
25383
Page
25384
Current page
25385
Page
25386
Page
25387
Page
25388
Page
25389
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department