Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျိုက်ဒုံမြို့မဈေးတွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင် အသိပညာပေးမှုများ အရှိန်အဟုန်မြှင်ဆောင်ရွက်
Sep 24,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင်၊ ယနေ့နံနက်၇နာရီက မြို့မဈေးတွင်ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်စေရေးအတွက် ဈေးရောင်းဈေးဝယ်သူများ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းမှုများကို အရှိန်အဟုန် မပျက်ဆောင်ရွက်လျက်ရှိပါသည်။
အပြည့်အစုံ ဖတ်ရန်
ဝေါမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများသို့ ထောက်ပံ့ငွေများပေးအပ်
Sep 24,2020
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများသို့ စတုတ္ထအကြိမ်မြောက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန်မြို့နယ်၌ ပြည်သူများသိရှိစေရန် အသိပေးကြေညာချက်အား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးကြေညာ
Sep 24,2020
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့၌ တိုင်းဒေသကြီးအစိုးရမှ ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးအတွက် ပြည်သူများသိရှိစေရန် အသိပေးကြေညာချက်အား ယမန်နေ့ည ၇နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးကြေညာခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ စနစ်တကျကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် အသံချဲ့စက်များဖြင့် လှည့်လည်အသိပညာပေးဆောင်ရွက်
Sep 24,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီမဏ္ဍိုင်မြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများကို ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရန်အတွက် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့က မြို့ပေါ်ရပ်ကွက်အတွင်းရှိ ပြည်သူများအား အသံချဲ့စက်ဖြင့် လှည့်လည် အသိပညာပေးဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ခန္တီးမြို့ရှိ Quarantine ထားရှိသူ (၁၆) ဦး၏ နှာခေါင်း၊ အာခေါင်တို့ပတ် (Swab) များအား ဓာတ်ခွဲစစ်ဆေးရန် ယမန်နေ့ည ၄ နာရီကပေးပို့
Sep 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ရှိ Facility Quarantine ထားရှိသူ (၁၆) ဦး၏ နှာခေါင်း အာခေါင်တို့ပတ် (Swab) များအား ဓာတ်ခွဲနမူနာစစ်ဆေးရန် ယမန်နေ့ည ၄ နာရီအချိန်တွင် ခန္တီးမြို့မှ ဟုမ္မလင်းမြို့ပြည်သူ့ဆေးရုံသို့ ပေးပို့ပြီး ဟုမ္မလင်းမြို့မှ မန္တလေးမြို့သို့ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဥတ္တရသီရိမြိုနယ်တွင် Cash For Work စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု ရာနှုန်းပြည့်ပြီးစီး
Sep 24,2020
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိမြို့နယ် အတွင်းရှိ ကျေးရွာများတွင် ကိုဗစ်-၁၉ ကာလအတွင်း ဝင်ငွေနည်း ကျေးလက်နေ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းဖြင့် ချက်ချင်းဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံ အဆောက် အအုံများ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် Cash For Work စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးမှုအခြေအနေအား ယမန်နေ့က ဥတ္တရသီရိမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် Cash for Work စီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး
Sep 24,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash for Work ထောက်ပံ့ရန်ပုံငွေဖြင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာ ၂၅ ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးအောင်မြင်ပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအနေဖြင့် စားသောက်ဆိုင်များအား ပါဆယ်စနစ် ဖြင့် ရောင်းချရေး ကွင်းဆင်းစစ်ဆေး
Sep 24,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့ပေါ်(၄)ရပ်ကွက်ရှိ အခြေခံစားသောက်ကုန်များ၊ လက်ဖက် ရည်ဆိုင် များအား ကိုဗစ်-၁၉ ကာလအတွင်း ဆိုင်ထိုင်စားသောက်ခွင့် မပြုကြရန်နှင့် ပါဆယ်စနစ်ဖြင့် သာ ရောင်းချရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25381
Page
25382
Page
25383
Page
25384
Current page
25385
Page
25386
Page
25387
Page
25388
Page
25389
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department