Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သာစည်မြို့တွင် အောက်ဆီဂျင်စက်အား ယာယီထားရှိ လည်ပတ်ဖြန့်ဝေသည့်နေရာမှ အမြဲတမ်းထားမည့် စက်ရုံသို့ ပြောင်းရွေ့လည်ပတ် ဖြန့်ဝေ
Sep 28,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အောက်ဆီဂျင်စက် အမြဲတမ်းထားမည့် စက်ရုံအဆောက်အဦသစ် တွင် စက်ထားရှိ လည်ပတ်နိုင်ပြီဖြစ်သည့်အတွက် ယာယီထားရှိ လည်ပတ်ဖြန့်ဝေသည့် နေရာမှ စက်တင်ဘာ ၂၅ ရက်က ပြောင်းရွှေ့ခဲ့ပြီး ယနေ့ နံနက်က စတင်လည်ပတ်ကာ အောက်ဆီဂျင် ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိူက်မရောမြို့နယ်၌ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး ပူးပေါင်းပါဝင်ကူညီပေး ခေါင်းစဉ်ဖြင့် အသိပညာပေး Talk- Show ပြုလုပ်
Sep 28,2021
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေး ပူးပေါင်းပါဝင်ကူညီပေး ခေါင်းစဉ်ဖြင့် အသိပညာပေး Talk-Show အခမ်းအနားကို စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာ (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများမရှိစေရေး အသိပညာပေးခြင်းနှင့် ဒုတိယအသုတ်(Sinopharm)ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံနိုင်ရေးအသိပေးနှိုးဆော်ခြင်းများ ဆောင…
Sep 28,2021
ကရင်ပြည်နယ်၊ဖာပွန်ခရိုင်၊ကမမောင်းမြို့ပေါ်ရပ်ကွက်များအတွင်း ကိုဗစ် - ၁၉ရောဂါကူးစက်ဖြစ် ပွားမှုလျော့နည်းစေရန်နှင့် ရောဂါကွင်းဆက်ပြတ်တောက် နိုင်ရေးနှင့်မိဘပြည်သူများအားပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် အသိပညာပေး နှိုးဆော်ခြင်း များကိုဆောင်ရွက်လျက်ရှိရာ ယနေ့ညနေ ၃နာရီအချိန်၌ကိုဗစ်-၁၉ ရောဂါကူးစက်မှုများမရှိစေရေး အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) တစ်ကြိမ်မျှမထိုးနှံရသေးသည့် သူများအား ဒုတိယအုပ်စုအနေဖြင့်ထိုးနှံနိုင်စေရေး နှိုးဆော်ခြင်းများကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အမှတ် (၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး မြန်မာနှင့်ပိုးကရင်ဘာသာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Sep 28,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး နှင့်ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို သိရှိနိုင်ရန်အတွက် မြန်မာဘာသာနှင့် ပိုးကရင်ဘာသာဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းခတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ဆက်လက်ထိုးနှံပေး
Sep 28,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသည့် တိုင်းရင်းသားပြည်သူများအား ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ် ထုတ်ပြန်ထားသည့် ကူးစက်ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ မိုင်းခတ်မြို့ နယ်အတွင်း ကာကွယ်ဆေးထိုးနှံမည့်စုရပ်(၅)နေရာတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ကြည့်ရှု့အားပေး ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆီဆိုင်မြို့နယ်တွင် ကျေးရွာများသို့ စွမ်းအားမြှင့်မီးဖိုများ အခမဲ့ဖြန့်ဝေပေး
Sep 27,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုးရီးယားရာသီဥတုပြောင်းလဲမှုဗဟိုဌာန (KOREA Climate Change Centre) နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ လျှပ်စစ်မီးမရရှိသေးသော ကျေးရွာအုပ်စု (၁၃)အုပ်စုရှိ ကျေးရွာများသို့ ထင်းလောင်စာလျှော့ချသုံးစွဲရေးအတွက် စွမ်းအားမြှင့်မီးဖိုများကို ယနေ့ နံနက် ၁၀ နာရီခန့်က အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူ-ကမ္မ-ပေါက်ကားလမ်း ပခုက္ကူမြို့နယ်ကန်တော်ချောင်း ရေကျော်၍ကားလမ်းယာယီပိတ်မှုဖြစ်ပွား
Sep 27,2021
ပခုက္ကူမြို့နယ် ပခုက္ကူ-ကမ္မ- ပေါက်ကားလမ်းပေါ်ရှိ ကန်တော် ချောင်းရေကျော် ချောင်းရေများ ကျသဖြင့်စက်တင်ဘာ၂၇ရက် နံနက် ၁၁နာရီခွဲခန့်ကကားလမ်းယာယီပိတ်မှုဖြစ်ပွားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထားဝယ်မြို့တွင် "ပန်းခင်း" စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခဲ့ခြင်း နှင့်ပတ်သက်၍ တွေ့ဆုံမေးမ…
Sep 27,2021
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ထားဝယ်မြို့ မြို့တော်ခန်းမ၌ "ပန်းခင်း" စီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို အသီးသီး ပေးအပ်ခဲ့ကြပါတယ်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25380
Page
25381
Page
25382
Page
25383
Current page
25384
Page
25385
Page
25386
Page
25387
Page
25388
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department