အမြို့မြို့အနယ်နယ်သတင်းများ

Sep 28,2021
ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို မြို့နယ်အတွင်းရှိ ပြည်သူ များအား စုရပ်(၃)ခု၌ ယမန်နေ့ နံနက် ၉ နာရီခွဲမှ ညနေ ၃ နာရီထိ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Sep 28,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ခိုမုန်းကျေရွာအုပ်စု၊ တောင်နောက်ကျေးရွာ၊ သက်ကြီးဘိုးဘွားစောင့်ရှောက်ရေး ဝင်းအတွင်း၌ တည်ဆောက်လျက်ရှိသော "အာယုသုခ" အောက်စီဂျင်စက်ရုံ Oxygen Plant  သည် စက်တင်ဘာ ၂၆ ရက်နေ့မှစ၍ အောက်စီဂျင်များကို စတင်စမ်းသပ် ထုတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။
Sep 28,2021
 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊    လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  မြို့နယ်တွင်းရှိ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျေးရွာများ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ဦးစားပေးအစီအစဥ်အလိုက် စီမံချက်များ ရေးဆွဲဖော်ထုတ်နိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့်၂၀၂၁-၂၀၂၂ခု (၆)လ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း  ကျေးရွာများ ရွေးချယ်ခြင်းအခမ်းအနားကို ယနေ့ နံနက်(၁၀) နာရီအချိန်က  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 28,2021
မန္တလေးတိုင်းဒေသကြီး၊မလှိုင်မြို့နယ် တည်ဆောက်ရေးလုပ်ငန်းများစီစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်သည် မြို့နယ်စည်ပင်သာယာအမှုဆောင်အရာရှိ ဦးမင်းသီဟအောင်၊ လမ်းဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးသာအေး၊ မြို့နယ် စီမံကိန်းရေးဆွဲရေး ဦးစီးမှူး ဒေါ်ဝင်းယုဆွေနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက် ၁ဝနာရီခွဲက မလှိုင်မြို့မ စည်ပင်သာယာဈေး အနောက်ဖက် ပွဲစား တန်းလမ်းမ နိုင်လွန်ကတ္တရာလမ်းခင်းနေမှုကို သွား‌ရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည် ။
Sep 28,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ရွေ့လျား ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အခမဲ့စစ်ဆေးပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဥပုသ်တော်ရပ်ကွက်၊ အကွက် (၃၀) ရှိ လင်းဇင်းဓမ္မာရုံ၌ ပြုလုပ်သည်။
Sep 28,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး( Sinopharm) ဒုတိယ အသုတ်( ပထမအကြိမ်) ထိုးနှံခြင်းကို သံဃာတော်များ၊ သာသနာ့ နွယ်ဝင်များနှင့် သတ်မှတ်ဦးတည်အုပ်စုအတွင်းရှိ အသက် (၅၀)နှစ်နှင့် အထက် လူပုဂ္ဂိုလ်များအား အမှတ်(၁) အ.ထ.က တွင် ဆက်လက်ထိုးနှံးပေးလျှက်ရှိရာ၊ စက်တင်ဘာ(၂၇)ရက်နေ့ (စတုတ္ထမြောက်နေ့)အထိ လူဦးရေ စုစုပေါင်း(၂၀၁၅)ဦး လာရောက်ထိုးနှံခဲ့ကြကြောင်းသိရသည်။
Sep 28,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံသည့်နေရာ ပြောင်းလဲထိုးနှံမည့်နေရာများကို ပြည်သူများသိရှိစေရန်အတွက် ယမန်နေ့ ညနေ ၃ နာရီအချိန်နှင့် ယနေ့နံနက် ၆ နာရီအချိန်တို့တွင်
Sep 28,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆင်းရဲနွမ်းပါးသော ကျေးလက်လူထုအနေဖြင့် အခြေခံ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင် အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ဆောင်ရွက်နေသော ဖွံ့ဖြိုးရေးလုပ်ငန်းများအား ရှင်းလင်းတင်ပြခြင်းကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။