ကွမ်းလုံ စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်တွင် ယမန်နေ့နံနက် ၈ နာရီ ၃၀ မိနစ် အချိန်မှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် (ပထမ အကြိမ်)ထိုးနှံခြင်းကို ကိုးကန့်ယဉ်ကျေးမှုခန်းမတွင် ပြုလုပ်ခဲ့ကြသည်။
ကွမ်းလုံမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အလေးထား ဆောင်ရွက်လျက်ရှိရာ ကိုးကန့်ယဥ်ကျေးမှုခန်းမ၌ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ် (၁)ဦး၊ နိုင်ငံ့ဝန်ထမ်း(၄)ဦး၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ(၂၀)ဦး၊ အခြားဝင်ငွေရရှိသော အုပ်စုဝင်(၃၄၀)ဦး၊ စားသောက်ကုန်ပစ္စည်း ရောင်းချသူနှင့် ဆိုင်ဝန်ထမ်း(၅၈)ဦး၊ စုစုပေါင်း(၆၃၀)ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြသည်။
ဆေးထိုးရန် ရောက်ရှိလာသူများအား အပူချိန်တိုင်းတာခြင်း၊ နေရာစီစဉ်ပေးခြင်း၊ စာရင်းစစ်ဆေးပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ဆေးထိုးနှံခြင်းတို့ကို မြို့နယ်ကိုဗစ်-၁၉ ကော်မတီ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ လူမှုကူညီရေး အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်း၍ ကိုဗစ်-၁၉ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
ဖြိုးမမ (ကွမ်းလုံ)