အမြို့မြို့အနယ်နယ်သတင်းများ

Sep 29,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ”ကမ္ဘာ့ခွေးရူးရောဂါကာကွယ်ရေးနေ့" အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါ ကာကွယ်ဆေးအခမဲ့ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 29,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီခွဲက
Sep 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ် နှင့်အထက် ဘိုးဘွားများအား တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် သက်ကြီး ဘိုးဘွား(၄၇၈)ဦးအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ဘိုးဘွားများ လက်ဝယ်အရောက် အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်လျက်ရှိသည်။
Sep 29,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိသူများ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ဖွင့်လှစ်ခဲ့သည့် အစိုးရက်စက်မှုလက်မှုသိပ္ပံကျောင်းရှိ ကုသရေးစင်တာနှင့် အရန် အဖြစ် ပြင်ဆင်ထားရှိခဲ့သည့် စံပြရပ်ကွက် မူလတန်းလွန်ကျောင်း ကုသရေးစင်တာများအား ၊မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှင့် ပိုးတွေ့ရှိမှုနှုန်း ကျဆင်းလာသဖြင့် ယနေ့နံနက်မှစတင်၍  ပိတ်သိမ်းခဲ့ပြီး၊ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။
Sep 29,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊‌ ဟွေအောကျေးရွာအုပ်စု၊ ကုန်းဆာကျေးရွာ၌ ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ကုန်းဆာကျေးရွာ၊ မဟိန်ကောင် မူလတန်းလွန်ကျောင်းတွင် ကျင်းပခဲ့သည်။
Sep 29,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေး အုပ်စုများနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံ‌ပေးခြင်းကို ယနေ့မှစ၍ နေ့စဉ် နံနက် ၉ နာရီမှ ၁၁နာရီခွဲအထိ မြို့နယ်အတွင်းရှိ စုရပ်နယ်မြေများ အလိုက် သတ်မှတ်နေရာများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 29,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့် ပွားခြင်းမှ ကာကွယ်နိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများ ပါဝင်သော အသိပညာပေး နံရံကပ်စာစောင်အား ယနေနံနက် (၁၀) နာရီအချိန်ခန့်က ပြသထားကြောင်း သိရသည်။
Sep 29,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယမန်နေ့ ညနေ ၅ နာရီအချိန်က မကွေးသူနာပြု သင်တန်းကျောင်းရှိ စာသင်ဆောင်တွင် သူနာပြု သင်တန်းကျောင်းအုပ် (စီမံ)နှင့်ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံ၍ သင်တန်းများ ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ သင်ကြားပြသမှုများနှင့် သူနာပြုသင်တန်းကျောင်း ဥပဓိရုပ် ကောင်းမွန်ရေး ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။