မိုင်းယန်း စက်တင်ဘာ ၂၉
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ မိုင်းလွေကျေးရွာ၊ ယန်းခိုင်ကျေးရွာနှင့် ဟွေနားကျေးရွာသို့ သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (SINOPARM) ဒုတိယအသုတ် ပထမအကြိမ် ကွင်းဆင်းထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ကျေးရွာအရောက် သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဉက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်များကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများ၊ ထွေ/အုပ်ဝန်ထမ်းများနှင့် လူမူရေးအသင်းအဖွဲ့တို့က မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ မိုင်းလွေကျေးရွာ၊ ယန်းခိုင်ကျေးရွာနှင့် ဟွေနားကျေးရွာတို့ရှိ သတ်မှတ်ဆေးထိုးစုရပ်နေရာများတွင် ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် အသက်(၅၅)နှစ် အထက်ရှိသူများ၊ အသက် ၁၈ နှစ် ပြည့်ပြီးသူများ၊ မသန်စွမ်း သူများ၊ နာတာရှည်နှင့် မကူးစက်နိုင်သောရောဂါရှိသူများ၊ စေတနာ့ဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံဝန်ထမ်းများ၊ ကုန်စုံဆိုင်ဈေးသည်များ၊ ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်းများ စသည့် ဦးစားပေးအုပ်စုများတွင် ပါဝင်သည့် ဒေသခံတိုင်းရင်းသားပြည်သူများအား စာရင်းမှတ်တမ်းရေး သွင်းကောက်ယူခြင်းများ စနစ်တကျ ဆောင်ရွက်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
မိုင်းယန်းမြို့နယ်တွင် စက်တင်ဘာ ၂၇ ရက်နေ့မှ စက်တင်ဘာ ၂၈ ရက်နေ့အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး( SINOPARM ) ဒုတိယအသုတ် ပထမအကြိမ် ဦးစားပေးအုပ်စုအလိုက် စုစုပေါင်း(၆၄၀)ဦး ထိုးနှံပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသူများအား သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီမှ သိရသည်။
မိုင်းယန်းမြို့နယ်တွင် ဩဂုတ်လ ၂ ရက်နေ့မှ စက်တင်ဘာ ၂၈ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(၆၄)ဦးရှိပြီ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ(၄၁)ဦးရှိကာ ဆေးကုသဆဲပိုး တွေ့လူနာ ၂၃ ဦးကျန်ရှိကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဦးဘထံမှ သိရသည်။
ခွန်ရဲထွေး၊ ထွန်းထွန်းထူး