Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျွန်းလှမြို့နယ်၌ အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ဒုတိယအသုတ်၊ ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့က မြိုနယ်ပြည်သူ့ဆေးရုံနှင့် မကျီးအင်းကျေးရွာ ဆေးထိုးစုရပ်၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံ စတင်လည်ပတ်
Sep 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကြောင့် အောက်ဆီဂျင် လိုအပ်နေသူများ၊ အခြားရောဂါဝေဒနာကြောင့် အောက်ဆီဂျင်လိုအပ်နေသူများအတွက် အောက်ဆီဂျင် အချိန်တိုအတွင်း အလွယ်တကူ လုံလောက်စွာ ရရှိစေရေး ရည်ရွယ်၍ မြို့မိ မြို့ဖများနှင့် စေတနာရှင် ပြည်သူများ စုပေါင်းလှူဒါန်းမှုဖြင့် တည်ဆောက်ထားသည့် အောက်ဆီဂျင် စက်ရုံသည် စက်တင်ဘာ ၂၇ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က စတင်လည်ပတ်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ဒုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အသိပညာပေးမှုများ စစ်ဆေးခြင်း လုပ်ငန်းများ ကြပ်မတ်ဆောင်ရွက်
Sep 29,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ဆက်လက်ဖြစ်ပွားနေမှုကြောင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ကျိုက်ဒုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) တတိယအသုတ်(ပထမအကြိမ်) ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ
Sep 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြို့နယ်ခန်းမ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) တတိယအသုတ် (ပထမအကြိမ်) ထိုးနှံပေးခြင်းကို ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၂၁ ခု အကောင်အထည်ဖော်ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး
Sep 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန် ပုံငွေများဖြင့် ဆောင်ရွက် လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၂၁ ခုမှာ လက်ရှိတွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း တံတား-ရန်ကုန် YBS မော်တော်ယာဉ်လိုင်းမှ ယခင်သုံးစီး ပြေးဆွဲရာက ယခုတစ်စီးသာ ပြေးဆွဲနေ
Sep 29,2021
မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလဖြစ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တံတားမြို့မှ ရန်ကုန်မြို့တွင်းသို့ ပြေးဆွဲလျက်ရှိသော YBS 34 မော်တော်ယာဉ်လိုင်းမှာ ယခင်ကသုံးစီး ပြေးဆွဲလျက်ရှိရာ က ယခုအခါ တစ်စီးသာ နေ့စဉ်ပုံမှန်ပြေးဆွဲပေးနိုင်တော့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့ ပြည်သူ့ဆေးရုံမှ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာများအနက်(၁)ဦး ထပ်မံ ဆေးရုံဆင်းခွင့်ပြုခဲ့ရာ၊ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း (၄၉၁) ဦးရ…
Sep 29,2021
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသည့် အတည်ပြု လူနာများအား မြို့နယ် ပြည်သူ့ဆေးရုံတွင် သီးသန့်ထားရှိ၍ ကြပ်မတ်ကုသပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ပိုးတွေ့ရှိသူများ အနက်မှ ၁ ဦးမှာ ထပ်မံ၍ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့နယ်အတွင်းရှိ (၅၅)နှစ်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများမှ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ်(ပထမအကြိမ်)ထိုးနှံပေး
Sep 29,2021
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းရှိ (၅၅)နှစ်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများမှ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်) ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ တက္ကသိုလ် ဓမ္မာရုံတွင် ကျား(၉၀)ဦး၊ မ(၁၁၅)ဦး၊ ပေါင်း(၂၀၅)ဦး၊ အမက(၂၉)၊ မုံရွာတောင်ရပ်ကွက်တွင် ကျား(၇၅)ဦး၊ မ(၁၁၀)ဦး၊ ပေါင်း(၁၈၅)ဦး၊ ရွှေစည်းခုံသာသနာ့ ဗိမ္မာန်တော်တွင် ကျား (၁၀၀)ဦး၊ မ(၁၅၀)ဦး၊ ပေါင်း(၂၅၀)ဦးနှင့် အထက(၂)တွင်ကျား(၉၂)ဦး၊ မ(၁၄၃)ဦး၊ ပေါင်း(၂၃၅)ဦး စသည့် သတ်မှတ်နေရာ(၄)ခုတွင် ကျား(၃၅၇)ဦး၊ မ(၅၁၈)ဦး၊ ပေါင်း(၈၇၅)ဦး တို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်) ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25374
Page
25375
Page
25376
Page
25377
Current page
25378
Page
25379
Page
25380
Page
25381
Page
25382
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department