အမြို့မြို့အနယ်နယ်သတင်းများ

Sep 29,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့က သရက်တပင်အုပ်စု၊ သရက်တပင်တာဆုံအနီး ရန်ကုန်-ပြည်ကားလမ်းမဘေးရှိ ရွှေဗျိုင်းဖြူ စက်သုံးဆီအရောင်းဆိုင်ကို သက်သာသော ဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
Sep 29,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသေးသည့် ဒေသခံပြည်သူများကို ယနေ့ နံနက် ၉ နာရီက မှော်ကြောင်း ကျေးရွာ၊ ဘုန်းတော် ကြီးကျောင်း၌ တတိယအသုတ် ပထမအကြိမ် ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
Sep 29,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ယမန်နေ့နံနက် ၉ နာရီအချိန်က အေးစေတီ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ စုရပ်ထားရှိ အသက်(၅၅)နှစ်အထက်နှင့် ဦးတည်အုပ်စုတွင် အကျုံးဝင်သည့်ပြည်သူ (၂၅၀)ဦးတို့အား ပထမအကြိမ် (ဒုတိယအသုတ်) ကိုဗစ်-၁၉ကာကွယ် ဆေးထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
Sep 29,2021
ကရင်ပြည်နယ် ဘားအံခရိုင် ဘားအံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန ခရိုင် ၊ မြို့နယ် ဦးစီးမှူးရုံးမှ ယမန်နေ့ နံနက်ပိုင်းက အမှတ်(၆) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပန်းခင်းစီမံချက်အရ  နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Sep 29,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ဆွမ်းကိစ္စများ အခက်အခဲဖြစ်နေသည့် ဘုန်းတော်ကြီးကျောင်းများကို ဆွမ်းကိစ္စများ အဆင်ပြေစေရန်အတွက် ယမန်နေ့ နံနက် ၁၁ နာရီချိန်က ဆန်အိတ်များ လှူဒါန်းပေးအပ်ခဲ့သည်။
Sep 29,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးက “ပန်းခင်းစီမံချက်” ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာများအရောက် ကွင်းဆင်း၍ နေ့ချင်း ပြီး ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်း ၉ နာရီအချိန်ကစ၍ သဲကုန်းမြို့နယ်၊ အင်းပေါ်ငယ် ကျေးရွာအုပ်စုမှ အသက်(၁၆)နှစ်အထက် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကိုင်ဆောင်ဘူးခြင်း မရှိသေးသူ (၅၀)ဦးအား မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းထွဋ်နှင့် ဝန်ထမ်းများက ကွင်းဆင်း၍ နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိပြီး ကျေးရွာ ပြည်သူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရသည်။
Sep 29,2021
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ပိုင်ကျုံမြို့၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးအသိပညာပေးနှိုးဆော်ချက်များကို ယမန်နေ့ညနေ့(၅)နာရီအချိန်တွင် ဌက်ပျောကျေးရွာသို့  ကရင်၊မြန်မာနှစ်ဘာသာဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။     
Sep 29,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ယခုရက်ပိုင်း မိုးအဆက် မပြတ်ရွာသွန်းနေမှုကြောင့် စလင်းတမံအတွင်း ရေဝင်ရောက်မှုရှိနေပြီး တမံရေပိုလွှဲမှ ရေများကျော်လျက်ရှိရာ စက်တင်ဘာ ၂၇ ရက်နေ့ နံနက် ၂ နာရီအချိန်ခန့်မှရေများ (၂)ပေ ကျော်ခန့်ထိ ရေကျော်လျက်ရှိကြောင်း မြို့နယ်ဆည် မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန SAE ဦးခိုင်ထွန်းထံမှ သိရသည်။