မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်သူများလိုက်နာရန် အချက်များ အသိပညာ ပေးနှိုးဆော်

မိုင်းဆတ် စက်တင်ဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းကို ယနေ့နံနက်(၈)နာရီက အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး ပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ရန်၊ အိမ်တွင် ဧည့်သည်လက်ခံခြင်း မပြုရန်၊ မိမိကိုယ်တိုင်လည်း ဧည့်သည်အဖြစ် သွားရောက်ခြင်း မပြုရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို မဖြစ်မနေတပ်ဆင်ရန်၊ လက်ကို စနစ်တကျ ဆေးကြောရန်၊ အခြားသူများနှင့် ခြောက်ပေအကွာ ခပ်ခွာခွာနေထိုင်ရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေး ရှောင်ကြဉ်ကြရန်၊ အပြင်ထွက်ရာမှ အိမ်ပြန်ရောက် သောအခါတွင် အိမ်သို့ရောဂါပိုးများ သယ်ဆောင်လာခြင်း မရှိစေရန် သတိပြုကြရန်၊ အသုံးပြု ပြီးသော ပါးစပ်နှင့်နှာခေါင်းစည်း(Mask)နှင့် တစ်ခါသုံးပစ္စည်းများကို အိမ်အပြင်တွင် စနစ်တကျ စွန်းပစ်ပါ၊ အဝတ်အစားမလဲမီ၊ ကိုယ်လက်သန့်စင်ခြင်းမပြုမီ အိမ်သားများနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူသို့ အသိပေးပန်ကြားချက်ကို အသံချဲ့စက်ဖြင့် လှည့်လည် ၍ တိုက်တွန်းနှိုးဆော်ခဲ့သည်။

အဆိုပါ အသိပညာပေးလုပ်ငန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြင့်မောင်(မိုင်းဆတ်)