ချင်းရွှေဟော် စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို ရပ်ကွက်(၁) ရှိ မူကြိုကျောင်းနှင့် ကိုးကန့်ယဉ်ကျေးမှုစာပေကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းမှ စတင်ပြီး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးထိုးခြင်းအား မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်၊ တာဝန်ခံဆရာဝန် ဒေါက်တာ သီဟနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ တာဝန်ရှိဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းများ၊ မြို့မိ မြို့ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကူညီဆောင်ရွက်ကာ ဆေးထိုးမည့်နေရာများအား ပိုးသတ်ဆေးဖြန်းခြင်း၊ ထိုင်ခုံနေရာများစီစဉ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ရပ်ကွက် (၃) ရပ်ကွက်အတွင်းရှိ အသက်(၁၈)နှစ်နှင့်အထက် အုပ်စုအလိုက် ခွဲခြားသတ်မှတ်ကာ အမျိုးသား (၃၄၃) ဦး၊ အမျိုးသမီး(၂၉၇)ဦး စုစုပေါင်း (၆၄၀) ဦးအား ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး (၃၂၀)လုံး အသုံးပြု၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
စည်သူမောင်မောင်(ပြန် /ဆက်)