Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အညီ အငြိမ်းစား၀န်ထမ်းများအား ပင်စင်လစာ များ ဆက်လက်ထုတ်ပေး
Sep 28,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင် လစာများကို ယနေ့ နံနက် (၇) နာရီမှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အညီ အငြိမ်း စား၀န်ထမ်းများ၏ ပင်စင်လစာများ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့နယ်အတွင်းရှိ (၅၅)နှစ်အထက်နှင့် ဦးတည်အုပ်စုများမှ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်)ထိုးနှံပေး
Sep 28,2021
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်အတွင်းရှိ (၅၅)နှစ်အထက် ပြည်သူများ၊ ဦးတည် အုပ်စုများမှ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ တက္ကသိုလ် ဓမ္မာရုံတွင် ကျား(၁၂၁)ဦး၊ မ(၁၂၉)ဦး၊ ပေါင်း(၂၅၀)ဦး၊ အမက(၂၉)၊ မုံရွာတောင် ရပ်ကွက်တွင် ကျား(၁၀၅)ဦး၊ မ(၁၄၅)ဦး၊ပေါင်း(၂၅၀)ဦး၊ ရွှေစည်းခုံသာသနာ့ဗိမ္မာန်တော်တွင် ကျား(၉၅)ဦး၊ မ(၁၅၅)ဦး၊ ပေါင်း(၂၅၀)ဦးနှင့် အထက(၂)တွင် ကျား(၁၀၁)ဦး၊ မ(၁၃၉)ဦး၊ ပေါင်း(၂၄၀)ဦး စသည့် သတ်မှတ် နေရာ(၄)ခုတွင် ကျား(၄၂၂)ဦး၊ မ(၅၆၈)ဦး၊ ပေါင်း(၉၉၀)ဦးတို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်) ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိန္တလီမြို့၌ အသက်(၅၅)နှစ်အထက် ပြည်သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး လျက်ရှိ
Sep 28,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ကျိန္တလီမြို့ အထွေထွေ အုပ်ချုပ်ရေး အစည်းအဝေး ခန်းမစုရပ်၌ ယနေ့နံနက် ၉ နာရီအချိန် ရပ်ကွက်/ကျေးရွာအုပ်စုများမှ အသက်(၅၅)နှစ်အထက် ကျန်ရှိနေသော ပြည်သူများအား ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်တွင် ဒုတိယအသုတ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် လာရောက်ထိုးနှံသူ ယမန်နေ့အထိ ၈၀၃၅ ဦးရှိပြီဖြစ်
Sep 28,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများကို ဒုတိယအသုတ် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာ ၁၆ ရက်နေ့မှ စတင်ကာ ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ဦးစားပေး အုပ်စုအလိုက် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ ကာကွယ်ဆေး လာရောက် ထိုးနှံသူဦးရေ ၈၀၃၅ ဦးရှိပြီဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်တွင် အသက်(၅၅)နှစ်နှင့် (၆၄) နှစ်ကြား သက်ကြီး ဘိုး၊ဘွားများနှင့် မသန်စွမ်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံ
Sep 28,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် အသက်(၅၅)နှစ်နှင့် (၆၄)နှစ် ကြား သက်ကြီး ဘိုး၊ ဘွားများနှင့် မသန်စွမ်းသူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မှ ထိုးနှံခြင်းမရှိသေးသည့် ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများအား ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် ကိုဗစ်-၁၉ ရောဂါကကွယ်ဆေးထိုးနှံခြင်း စုရပ်(၅)ခုတွင် လူဦးရေ(၁၇၄၄၇)ဦး ထိုးနှံပြီးစီး
Sep 28,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရန်အတွက် တတိယအသုတ်(ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို စက်တင်ဘာလ(၁၈)ရက်နေ့မှ စတင်ကာ အသက်(၅၅)နှစ်အထက် ပြည်သူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ တပ်ရင်း/တပ်ဖွဲ့ဝင်များ၊ ရွှေ့ပြောင်း လူအုပ်စုများနှင့် ယာယီစခန်းမှ ပြည်သူလူထုများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများအား ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ အောင်ဆန်း ခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မေတ္တာမြို့တွင် ကိုဗစ်−၁၉ရောဂါပိုးတွေ့အတည်ပြုလူနာ(၇)ဦးထပ်မံတွေ့ရှိရပြီး မြို့အတွင်း ပိုးတွေ့လူနာပေါင်း(၃၃၃)ဦးအထိရှိလာ
Sep 28,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ယမန်နေ့က ကိုဗစ်−၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ(၇)ဦး ထပ်မံတွေ့ရှိရကြောင်း မြို့ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ကရင်၊မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများဆောင်ရွက်
Sep 28,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ အသိပညာပေးခြင်းလုပ်ငန်း များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူသို့အသိပေးပန်ကြားချက်များကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာကြစေရန် အတွက် ကရင်၊မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်မှုများ ကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25378
Page
25379
Page
25380
Page
25381
Current page
25382
Page
25383
Page
25384
Page
25385
Page
25386
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department