ပိုင်ကျုံမြို့၌ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး ပြည်သူများလိုက်နာဆောင်ရွက်ရမည့် အချက်များအား ကရင်၊မြန်မာနှစ်ဘာသာဖြင့် လိုက်လံအသိပေးနှိုးဆော်

ပိုင်ကျုံ   စက်တင်ဘာ  ၂၉

ကရင်ပြည်နယ်၊ဘားအံခရိုင်၊ပိုင်ကျုံမြို့၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးအသိပညာပေးနှိုးဆော်ချက်များကို ယမန်နေ့ညနေ့(၅)နာရီအချိန်တွင် ဌက်ပျောကျေးရွာသို့ ကရင်၊မြန်မာနှစ်ဘာသာဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။     

ထိုသို့အသိပညာပေး   နှိုးဆော်ချက်များကြေညာရာတွင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ် ဦးစီးဌာနတို့ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုလျှော့နည်း စေမည့်နည်းလမ်းများကို ကျေးလက်နေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ မိဘပြည်သူများအနေဖြင့်  အတတ်နိုင်ဆုံး    အိမ်တွင်း၌သာနေထိုင်ပါ၊    သို့မှာသာရောဂါကွင်းဆက် ပြတ်တောက်ပြီးကူးစက်မှုကို   ထိထိရောက်ရောက်    ကာကွယ်နိုင်မှာဖြစ်ပါသည်။ ပြင်ပမှလာသောဧည့်သည်များ      လက်မခံကြပါရန်နှင့်မိမိတို့ကလည်းအခြားသူများထံသွားရောက်ခြင်းမပြုကြရန်၊ အရေးကြီးကိစ္စကြောင့်အပြင်ထွက်ရပါကပါးစပ်နှင့်နှာခေါင်းစည်းကိုစနစ်တကျတပ်ဆင်ပါ၊  အခြားသူများနှင့်ခပ်ခွာခွာနေပါ၊    ပါးစပ်နှင့်နှာခေါင်းစည်း   မတပ်ထားသူများနှင့်တွေ့ဆုံခြင်း၊  စကားပြောခြင်း၊  ဈေးဝယ်ခြင်းများမှရှောင်ကြဉ်ကြပါရန်၊  လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကိုရှောင်ကြပါ၊   အရာဝတ္တူတစ်ခုခုကကို ကိုင်တွယ်ပြီးတိုင်း   လက်ကိုဆပ်ပြာဖြင့်စက္ကန့်(၂၀) ကြာအောင်စနစ်တကျဆေးကြောကြပါ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်နှာခေါင်းနှင့်မျက်စိတို့ကိုပွတ်သတ်ခြင်း၊ကိုင်တွယ်ခြင်းနှင့်ထိတွေ့ခြင်းမပြုလုပ်ကြပါရန်၊    လေဝင်လေထွက်မကောင်းသော  အခန်းများသွားလာခြင်းမှရှောင်ပါ၊  သက်ကြီးရွယ်အိုများနှင့် ဆီးချို၊သွေးတိုးနှင့်နှလုံးရောဂါအခံရှိသူများ ရောဂါကူးစက်ခံရပါကဝေဒနာပြင်းထန်စွာခံစားရပြီးအသက်အန္တရာယ်ထိခိုက်နိုင်ပါသည်၊ မိမိတို့၌ရောဂါပိုးကူးစက်ခံနေရသည်ဟုသံသယရှိပါကနီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍   မပျက်မကွက်စစ်ဆေးကုသမှု  ခံယူကြပါရန်၊ အလှည့်ရရှိသော ကာကွယ် ဆေးများကိုမိမိတို့အတွက်   အကောင်းဆုံးဖြစ်၍   ကာကွယ်ဆေးကိုအကြိမ်ပြည့်ထိုးနှံပါ၊  ကာကွယ်ဆေး ထိုးပြီးသော်လည်း ရောဂါကာကွယ်ရေး   နည်းလမ်းများကို   ဆက်လက်လိုက်နာပါစသည့်   ဆောင်ရန်/ရှောင်ရန်  အချက်များအားလိုက်လံ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)