မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဘုန်းတော်ကြီးကျောင်းများကို ဆန်အိတ်များလှူဒါန်း

မင်းလှ စက်တင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ဆွမ်းကိစ္စများ အခက်အခဲဖြစ်နေသည့် ဘုန်းတော်ကြီးကျောင်းများကို ဆွမ်းကိစ္စများ အဆင်ပြေစေရန်အတွက် ယမန်နေ့ နံနက် ၁၁ နာရီချိန်က ဆန်အိတ်များ လှူဒါန်းပေးအပ်ခဲ့သည်။

အဆိုပါ လှူဒါန်းခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ စီစဉ်မှုဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ စားသုံးသူရေးရာဦးစီး‌ဌာန၊ မီးသတ်တပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့က ဆွမ်းကိစ္စများ အခက်အခဲဖြစ်နေသော ဘုန်းတော်ကြီး ကျောင်းများဖြစ်သည့် ဝါတော်မီကျောင်းတိုက်အား ဆန်(၁)အိတ်၊ ဆုတောင်းပြည့်ကျောင်းတိုက်အား ဆန်(၁)အိတ်၊ မင်းကျောင်းအား ဆန်(၁)အိတ်၊ ဟာဇေယျုံကျောင်းတိုက်အား ဆန်(၂) အိတ်၊ နိ‌ဓြော်တာရုံကျောင်းတိုက်အား ဆန်(၂) အိတ်တို့ကို အသီးသီး သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ပေါက်စ မင်းလှ