ပုလော စက်တင်ဘာလ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် ဒေသခံပြည်သူများကို ယနေ့ နံနက် ၉ နာရီက မှော်ကြောင်း ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ တတိယအသုတ် ပထမအကြိမ် ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
ပုလောမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးကို တတိယအသုတ် ပထမအကြိမ်ကို ရပ်ကွက်/ ကျေးရွာ အသီးသီးတွင် သတ်မှတ်ရက်အတွင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ နှင့် တာဝန်ရှိသူတို့က စက်တင်ဘာလ ၂၃ ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိပြီး၊ အဆိုပါ ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မှ ဝန်ထမ်းများက လိုအပ် သည် များ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ် ရောဂါ ကာကွယ် ဆေး ထိုးနှံရန် ကျန်ရှိနေသည့် ဒေသခံပြည်သူများကို တတိယအကြိမ် ပထမအသုတ် ထိုးနှံဆောင်ရွက်ပေးရာတွင် ပုလောမြို့နယ်၌ ကျား (၂၀၇၈ ) ဦး၊မ(၃၂၂၉ ) ဦး စုစုပေါင်း ( ၅၃၀၇) ဦးကို ထိုးနှံပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
အေးအေးမော် (ပုလော)