Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဝက်လက်မြို့နယ်၌ အခြေခံလူတန်းစား အိမ်ထောင်စု ၄၇၅ ထံသို့ အခြေခံ စားသောက်ကုန် ၅ မျိုးကို လက်ဝယ် အရောက်ဖြန့်ဝေ
Sep 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် အခြေခံလူတန်းစား အိမ်ထောင်စုထံသို့ အခြေခံ စားသောက်ကုန် ၅ မျိုးကို ဝက်လက်မြို့နယ် အမှတ်၃ ရပ်ကွက်နေ ဦးကြည်ခိုင်ဝင်း၊ ဒေါ်စံပယ် မိသားစုတို့မှ မိမိတို့နေအိမ်ရှေ့တွင် ယမန်နေ့ ညနေ ၄ နာရီမှစတင်၍ အိမ်ထောင်စု ၄၇၅ ထံသို့ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း လျော့ကျလာခြင်းကြောင့် ဒလမြို့နယ်အတွင်းရှိ သံဃာတော်များ ဆွမ်းခံကြွ
Sep 29,2021
မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း တစ်ဖြည်းဖြည်း လျော့ကျလာခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်းရှိ ကျောင်းတိုက်တစ်ခုမှ သံဃာတော်များနှင့် သာမဏေများ ဆွမ်းခံကြွ လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်နှင့် စွန်ဆည်ရေလှောင်တမံ ရေပိုလွှဲမှရေကျော်ကျမှု ဆက်လက် လျော့နည်း ကျဆင်းလာ
Sep 29,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ဆည်နှင့် စွန်ဆည်ရေလှောင်တမံရေပိုလွှဲမှ ရေကျော်ကျမှုသည် ယနေ့နံနက်ပိုင်းတွင် ဆက်လက်လျော့နည်း ကျဆင်းလာပြီဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်းစကားသံများ
Sep 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်း စကားသံများကိုလည်း ဖော်ပြလိုက် ရပါသည်-
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်၌ “ပန်းခင်းစီမံချက်” လုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိ
Sep 29,2021
ရှမ်းပြယ်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ “ပန်းခင်းစီမံချက်”လုပ်ငန်းဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အိုက်ငို့ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinophram ကို အသက်၁၈နှစ် မှ အသက် ၆၅နှစ်ကြားပြည်သူများအား ဆက်လက်ထိုးနှံပေး
Sep 29,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စုများနှင့်စက်ရုံ၊ အလုပ်ရုံများမှ အသက် ၁၈ နှစ်မှ ၆၅ နှစ် ကြားမိဘပြည်သူများနှင့် ဦးစားပေးအုပ်စုများအလိုက် ပါ၀င်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (တတိယအသုတ်) ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ပင်လောင်းမြို့နယ် ဘက်စုံသုံးခန်းမတွင် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်အသိပညာပေး ဆိုင်းဘုတ်ပိုစတာများစိုက်ထူ
Sep 29,2021
ကရင်ပြည်နယ် ဘားအံခရိုင်၊ ဘားအံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေးအတွက် ကရင်ပြည်နယ် အစိုးရ၏ လမ်းညွှန်မှုဖြင့် ဘားအံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပြည်သူ များ လိုက်နာသင့်သည့် ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ဘားအံမြို့နယ်အတွင်း လူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းဂွ၌ အသိပညာပေးဆိုင်းဘုတ်ပိုစတာများ စိုက်ထူခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် အသက် (၅၅)နှစ်မှ (၆၄)နှစ်အတွင်း ရှိသူများအား ကာကွယ်ဆေး ဆက်လက်ထိုးပေးရန် စာရင်းပေးသွင…
Sep 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်း၌ အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်းရှိသူများအား ကာကွယ်ဆေးဆက်လက်ထိုးပေးရန် စာရင်းပေးသွင်းနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်း လှည့်လည် အသိပေး နှိုးဆော်ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25371
Page
25372
Page
25373
Page
25374
Current page
25375
Page
25376
Page
25377
Page
25378
Page
25379
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department