မင်းလှမြို့တွင် စက်သုံးဆီများ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချနိုင်ရေးစစ်ဆေး

မင်းလှ စက်တင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့က သရက်တပင်အုပ်စု၊ သရက်တပင်တာဆုံအနီး ရန်ကုန်-ပြည်ကားလမ်းမဘေးရှိ ရွှေဗျိုင်းဖြူ စက်သုံးဆီအရောင်းဆိုင်ကို သက်သာသော ဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ရွှေဗျိုင်းဖြူ စက်သုံးဆီအရောင်းဆိုင်၌ သက်သာသော ဈေးနှုန်းများဖြင့် စက်သုံးဆီများ ရောင်းချခြင်းရှိ/ မရှိ၊ အခြင်အတွယ်ပြည့်/ မပြည့်၊ ဆီအရောအနှောထားခြင်းရှိ/မရှိ၊ မီးဘေးလုံခြုံရေး ဆောင်ရွက်ထား ခြင်းရှိ/မရှိ စသည့်လိုက်နာရမည့် အချက်များကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို ဆွေးနွေး ပြောကြားခဲ့သည်။

ထိုသို့စစ်ဆေးခြင်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ စားသုံးသူရေးရာဦးစီး‌ဌာန၊ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာ‌ရေးအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါက်စ မင်းလှ