အမြို့မြို့အနယ်နယ်သတင်းများ

Feb 12,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့ နံနက်(၁၀) နာရီက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား များ ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 12,2022
လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့် အညီ သံတွဲမြို့နယ် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုလဝကမှူး ဒေါ်မင်းမင်းခိုင် ဦးဆောင်သောအဖွဲ့သည် ဖေဖော်ဝါရီ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ သံတွဲမြို့နယ် ဥယျာဉ်ပြင်ကျေးရွာအုပ်စုရှိ ကျေးရွာ ၉ ရွာသို့ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
Feb 12,2022
ရခိုင်ပြည်နယ်​ မြောက်ဦးခရိုင် မြေပုံမြို့၌ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်း အမှတ် ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက မြေပုံမြို့ရှိ အခြေခံပညာမူလတန်းကျောင်း(သဲတန်းရှေ့) ခန်းမ၌ ကျင်းပသည်။
Feb 12,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုနေ့ အကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ယနေ့ နံနက် (၁၀)နာရီအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
Feb 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား နေ့ထူးနေ့မြတ်များနှင့် အထိမ်းအမှတ်နေ့များအား အစဉ်သတိရ အောက်မေ့ပြီး စစ်မှန်သော မျိုးချစ်စိတ်ဓာတ်များဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက ကျောင်းများ၊ ဈေးများ၊ ဌာန ဆိုင်ရာများသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်များက အသိ ပညာ ဗဟုသုတရရှိစေရန် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်၊
Feb 11,2022
 အနာဂတ် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မမေ့သင့် မမေ့အပ်သော နေ့ထူးနေ့မြတ်များအကြောင်း သိရှိ‌‌စေရန်နှင့် မှတ်သားအတုယူနိုင်စေရန်၊ ပြည်ထောင်စုစိတ်ဓာတ်များ ရင့်သန်လာစေရန်၊ တိုင်းရင်းသားအချင်းချင်း ချစ်ခင်မြတ်နိုးတတ်စေရန်ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်  အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ နံရံကပ်စာစောင်တွင် ယနေ့ နံနက် ၈ နာရီကပြသဆောင်ရွက် ထားကြောင်း သိရသည်။
Feb 11,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကြီးမှူး၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ် စာဖတ်ရှိန်မြှင့်တင်ရေး ပြိုင်ပွဲများနှင့် အားကစား ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများပေးအပ် ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။